အခန်း (၆၈) နန်းတော်မှ ပညာရှင်

1.8K 274 0
                                    

အခန်း (၆၈) နန်းတော်မှ ပညာရှင်

အထွတ်အမြတ်ယဇ်ပလ္လင် အဖြစ်အပျက်အပြီးတွင် လုကျိုးက တော်တော် ပင်ပန်းသွားလေပြီ။ သို့သော်လည်း သူ့စိတ်က အချိန်ပို အလုပ်လုပ်နေရဆဲ ဖြစ်၏။ သူက စနစ်ကို တစ်ချက် လှမ်းဖွင့်ကြည့်လိုက်သည်။

နာမည်။   ။ လုကျိုး

မျိုးနွယ်။    ။ လူသား

ကျင့်ကြံဆင့်။  ။ အာရုံခံသိပ်သည်းခြင်းနယ်ပယ်၊ ချီသန့်စင်ခြင်းနှင့် ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်

ကုသိုလ်အမှတ်။  ။ ၄၄၉၀ မှတ်

စိတ်ဝိညာဉ်သဏ္ဌာန်။  ။ တြိသိပ်သည်းခြင်း ပန်းပွင့်

ကျန်ရှိသက်တမ်း။  ။ ၅၈၀၄ ရက်

အသုံးပစ္စည်း။  ။ အသေရိုက်ချက်ကတ် နှစ်ကတ်၊ ပြစ်ချက်မဲ့ကတ် နှစ်ကတ်၊အတိုက်အခိုက် ဒဏ်ပြင်းကာကွယ်ကတ် (အလိုအလျောက်သုံး) ခုနှစ်ကတ်၊ နတ်ခြင်္သေ့၊ ပိအန်း

လက်နက်။  ။ အမည်မဲ့၊ မာယာကြော့ကွင်း( ပိုင်ရှင် - ယဲ့ထျန်းရှင်း၊ အသုံးမပြုခင် ပြန်လည်သန့်စင်ရန် လိုအပ် )

ကျင့်စဉ်။  ။ ကောင်းကင်ကျမ်း ပေလွှာသုံးမျိုး

လုကျိုးက သူ့ကုသိုလ်အမှတ်များက လေးထောင်ကျော်သွားကြောင်း မြင်လိုက်ရသည့်အခါ တအံ့တဩ ဖြစ်မိသွားသည်။ သူက တိုက်ပွဲအတွင်း စိတ်ရောက်နေသည့်အခါ စနစ်မှ အသိပေးချက်အားလုံးကို လျစ်လျူရှုထားမိခဲ့သည်။ ထိုအကြောင်းအရင်းကြောင့် သူ့အနေနှင့် ဘယ်တာဝန်က သူ့လက်ရှိကုသိုလ်အမှတ် ရရှိအောင် ထောက်ပံ့ပေးခဲ့သည်ကို သတိမထားမိပေ။

လုကျိုးက တာဝန်များစွာကို လုပ်ဆောင်ခဲ့ရသည်။ သူ ပြီးမြောက်သွားသော တာဝန်များကို တာဝန်စာရင်းတွင် ပြသထားလေ၏။

လုကျိုးက ကျောင်းယွဲ့ကို ခေါ်ဆောင်လာခြင်းက ကုသိုလ်အမှတ် တစ်ထောင် ရကြောင်း တွေ့လိုက်ရသည်။ နောက်ထပ် အမှတ်တစ်ထောင်မှာ ကိုယ်တော် ခုံရွှမ်းကို သတ်လိုက်ခြင်းမှ ဖြစ်၏။ ကျောင်းယွဲ့ကို ဆုံးမပေးခြင်းကြောင်း အမှတ် နှစ်ရာ ရရှိခဲ့သည်။ ကျန်ရှိနေသော အမှတ်များမှာ ပိအန်းက သူ့လမ်းပိတ်နေသော ကျင့်ကြံသူများကို ရှင်းခဲ့ရာမှ ရခြင်း ဖြစ်၏။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now