အခန်း (၁၃၂) မင်းက ငါ့ကို ကောင်းကောင်းသိတာပဲ ... ရှစ်တိ ဝူယာ့

1.6K 230 2
                                    

အခန်း (၁၃၂) မင်းက ငါ့ကို ကောင်းကောင်းသိတာပဲ … ရှစ်တိ ဝူယာ့

ယွီရှန်းရုန်က လျှို့ဝှက်ဆန်းကြယ် သေတ္တာကို ကြည့်လိုက်သည်။ ထို့နောက် သူ ယူမသွားခင် အကဲဖြတ်လိုက်သေး၏။

စီးဝူယာ့က ပြောလိုက်သည်။

“ ဒါက ရှစ်စွင်းရဲ့ သေတ္တာ … ဖွင့်ဖို့အတွက် ရှစ်ရှိုးရဲ့ လက်နက်ကို လိုတယ် ”

“ရှစ်စွင်းက စိတ်ဝင်စားဖို့ကောင်းတဲ့လူပဲ။ သူ တောင်ပေါ်မှာ နေတုန်းကတောင် ငါတို့ကို ဘယ်တော့မှ လုပ်စရာနဲ့ လက်နဲ့ ပြတ်တယ်လို့ မရှိအောင် ခိုင်းတတ်တယ်”

ယွီရှန်းရုန်က အပြုံးလေးနှင့် ပြောလိုက်သည်။

“ သူက ငါတို့ကို စမ်းသပ်ချင်နေတာ နေမယ် ”

“ချီရှစ်တိ … မင်းက လူသားတွေရဲ့ စိတ်နှလုံးအကြောင်း ကောင်းကောင်းသိရက်နဲ့ ရှစ်စွင်းရဲ့ အတွေးတွေကို မမြင်နိုင်ဘူးလား ”

စီးဝူယာ့က ခေါင်းခါကာ သက်ပြင်းအရှည်ကြီးချလိုက်သည်။ သူက လက်နောက်ပစ်လျက် ယွီရှန်းရုန်နား သွားလိုက်သည်။ သူက အန်ယန်း လမ်းမအထက်ကို ငုံ့ကြည့်လိုက်ရင်း  “ ဒါတွေသာ အတိတ်မှာဆိုရင် သူ့အတွေးတွေကို အတွင်းသိတယ်လို့ ယုံကြည်ချက်ရှိရှိ ပြောရဲတယ်။ ဒါပေမဲ့ နောက်ပိုင်းကျ မသေချာတော့ဘူး ”

ယွီရှန်းရုန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ ငါ ဂရုမစိုက်ဘူး။ တကယ်တော့ သူ့အကြောင်းများများ မတွေးဘူး။ သူသာ ဘေးထွက်နေရင် ငါ စိတ်အေးရတယ် ”

“ ကိစ္စတွေက ရှစ်ရှိုး ဖြစ်ချင်သလို ဖြစ်လာမှာ မဟုတ်ဘူး ” စီးဝူယာ့က အပြုံးလေးနှင့် ပြောလိုက်သည်။

“ ရှစ်စွင်းက ပြောင်းပြန်လုပ်နေတာ။ အရင်ဆုံး သူက မိစ္ဆာကျောင်းတော်ရဲ့ ဒုတိယကျောင်းထိုင် ကျို့ရှင်းချန်ကို သတ်လိုက်တယ်။ အဲဒီနောက် မဟူရာစစ်သည်ရဲ့ ခေါင်းဆောင် ဖန်းရှုဝမ်ကို ဖမ်းတယ်။ သူ့ကို ဝါရင့်ကိုယ်တော်ကြီး တစ်ပါးကလဲ ကူညီပေးနေသေးတယ်။ ပြီးတော့ သူက ကျင့်မင်တာအိုဂိုဏ်းရဲ့ တပည့် ဖန်ကျုံးနဲ့ ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့် ကျိုးကျစ်ဖုန်းတို့ကိုလည်း ခေါ်လိုက်သေးတယ်၊ ယွင်ဂိုဏ်းရဲ့ အကြီးအကဲ ဟွားဝူတောက်လည်း တောင်ပေါ် ရောက်သွားကတည်းက ဘာသတင်းမှ မကြားရတော့ဘူး ”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now