အခန်း (၁၆၂) အံ့ဩဖွယ် ပိုင်လူမျိုး

1.3K 204 2
                                    

အခန်း (၁၆၂) အံ့ဩဖွယ် ပိုင်လူမျိုး

အယောင်ဆောင်တာလား …

မင်ရှစ်ရင်က သူ့ရှစ်စွင်းဖြစ်သူ၏ စကားကို ကြားလိုက်သည့်အခါ ကြောင်အမ်းသွားလေသည်။

ယခုအချိန်အထိ ဝေ့ကျိုးယန်သည် စွပ်စွဲချက်အားလုံးကို တုံ့ပြန်နိုင်ခဲ့သော်လည်း သူ့ကို ထိတ်လန့်သွားစေပုံရ၏။ သူ့မျက်လုံးများက အပြူးသားဖြင့် လုကျိုးအား ကြည့်ကာ  “လောင်ချန်းပေ့ ပြော … ချင်တာကို နားမလည်ဘူး ”

လုကျိုးက ပြောလိုက်သည်။

“ဝေ့ကျိုးယန်က စစ်မြေပြင်မှာ နာမည်ကျော်ကြားတယ်။ သူက တပ်မဟာသုံးခုကို အမိန့်ပေးတဲ့လူ … ရုန်ပေနဲ့ ရင်ဆိုင်တဲ့ တိုက်ပွဲမှာ သူ့လူတွေကို ဦးဆောင်ခဲ့တုန်းက အခြားလူမျိုးတွေနဲ့လည်း အပြင်းအထန် တိုက်ခိုက်ခဲ့ကြတယ်။ သူက တိုက်ပွဲအလယ်မှာ ပွင့်ချပ်ခုနှစ်လွှာအဆင့်ကို ရောက်သွားခဲ့တာ  ”

ဝေ့ကျိုးယန်က လုကျိုးသည် ထိုစကားများနှင့် ဘာလုပ်ချင်နေမှန်း နားမလည်ပေ။

လုကျိုး၏ တပည့်များလည်း အတူတူ ဖြစ်၏။ သို့သော်လည်း သူတို့ရှစ်စွင်းဖြစ်သူက ပြောလာသောကြောင့် အကြောင်းအရင်း ရှိပေလိမ့်မည်။ သူက လက်ဘေးချကာ ရိုရိုကျိုးကျိုး နာနာခံခံ ရပ်ပြီး နားထောင်နေလိုက်ကြသည်။

“သူ့ကျင့်ကြံဆင့်က အားကောင်းတယ်။ သူ့အဆင့်အတန်းကလည်း မြင့်မားတယ်။ သူက လူများစွာသတ်ပြီးတော့ အဆင့်မြင့်လာတဲ့ စစ်သူကြီးတစ်ယောက် ” လုကျိုးက ပြောလိုက်သည်။

ထိုအရာကို ကြားပြီး ဝေ့ကျိုးယန်က ကြမ်းပြင်ပေါ် လဲကျသွားပြီး မျက်နှာက ဖြူဖျော့နေလေသည်။

ရှောင်ယွမ်အာနှင့် တွမ့်မူရှန်းတို့က နားမလည်သေးသော်လည်း ဉာဏ်ကောင်းသည့် မင်ရှစ်ရင်က အတွေးပေါက်သွားလေပြီ။

မင်ရှစ်ရင်က ဝေ့ကျိုးယန်အား လက်ညှိုးထိုးကာ  “အခုသိပြီ။ ခင်ဗျားက အယောင်ဆောင်ပဲ။ ဒါဆို အားလုံး ရှင်းပြီးသား ဖြစ်သွားပြီ ”

မင်ရှစ်ရင်၏ စကားများကို ကြားကာ အခြားလူများကလည်း အဖြစ်အပျက်ကို နားလည်သွားကြသည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now