အခန်း (၆၄) ပိုကောင်းတဲ့လူဆိုတာ အမြဲရှိတယ်

1.7K 278 0
                                    

အခန်း (၆၄)  ပိုကောင်းတဲ့လူဆိုတာ အမြဲရှိတယ်

ဗြဟ္မာသားချော့တေး … ဤသည်မှာ ဓမ္မရွတ်ဆိုသံနှင့်တူသည့် ဗုဒ္ဓ သံအမျိုးအစား ပညာရပ် တစ်ခု ဖြစ်သည်။

ဗြဟ္မာတေးသံ ထွက်လာသည့်အခါ ရန်သူများက စိတ်ဖောက်ပြားမှုကို ခံစားကြရပြီး ရှုံးနိမ့်သွားကြရစဉ် သူတို့ကား အကျိုးအမြတ် ရလိုက်ကြသည်။

ကျင့်ကြံဆင့် အားနည်းသူများသည် သံစဉ်ကြောင့် ဒွါရခုနှစ်ပေါက်မှ သွေးများစီးကျလာကာ သေဆုံးကြရမည်။ သို့သော်လည်း ဗုဒ္ဓက သက်ရှိအားလုံးအပေါ် သက်ညှာပေးပေသည်။ သူတို့က “ သေဆုံးမှု” ဆိုသည့် စကားကို မသုံးဘဲ “ သားချော့တေး” ဟု ခေါ်ဆိုထားခြင်း ဖြစ်၏။ ခံစားသူအပေါင်းမှာ အိပ်စက်သွားကြရသည်။ အားကောင်းသော ကျင့်ကြံသူများက သံစဉ်ကြောင့် မူးဝေလာကြပြီး ရောက်လာမည့် တိုက်ခိုက်မှုများကို မတုံ့ပြန်နိုင်လောက်သည့်အထိ အားနည်းသွားကြသည်။

လက်ရှိ ဤအသံပညာရပ်ကို ကိုယ်တော်အများကြီးမှ ရွတ်ဆိုနေကြသောကြောင့် စွမ်းအားမှာ စိတ်ကူးမယဉ်နိုင်လောက်ဖွယ် ဖြစ်၏။

လုကျိုးက အသိအာရုံစုစည်းခြင်း နယ်ပယ် အလယ်အလတ်အဆင့်သာ ရှိသေးပေသည်။ သူ့အနေနှင့် ခုခံဖို့ရာ မဖြစ်နိုင်ပေ။

ဝီ ဝီ ဝီ …

စင်မြင့်ဝန်းကျင်တွင် ယင်ကောင်များ ပွဲအခမ်းအနား ကျင်းပနေသလိုမျိုး ဖြစ်နေသည်။

လုကျိုးက လက်တစ်ဖက် မြှောက်လိုက်သည်။ ပညာရပ်တစ်ခုက သူ့အလိုလို ရောက်ရှိလာသောကြောင့် သူက မြန်မြန် အသက်သွင်းလိုက်သည်။ တစ်ချိန်တည်းတွင် သူက ရှောင်ယွမ်အာနှင့် ကျန်းအိုက်ကျန့်တို့ကို လှည့်ကြည့်လိုက်သည်။

“ ကျန်းအိုက်ကျန့် ဘယ်ရောက်သွားတာလဲ ”

လုကျိုး၏ အလိုလိုသိစိတ်က ကျန်းအိုက်ကျန့်သည် အရည်အချင်းရှိကြောင်း ပြောပြနေလေ၏။ သူက စင်မြင့်ပေါ် အာရုံရောက်နေပြီး ကျန်းအိုက်ကျန့်အပေါ် အာရုံလွှတ်သွားခဲ့မိသည်။

ရှောင်ယွမ်အာက မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ သူမက နှုတ်ခမ်းဆူကာ ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်သည်။ သို့သော်လည်း သူမက သက်ရောက်မှုခံရဟန် မပေါ်ပေ။ သူမ၏ သန့်ရှင်းဖြူစင်သော စိတ်နှလုံးသားနှင့် အကျင့်စရိုက်တို့က ဤသို့သော အခြေအနေမျိုး၌ အားသာချက်တစ်ခု ဖြစ်သွားသည်။ ထို့အပြင် သူမ၏ ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ဖြစ်သောကြောင့်  ဗြဟ္မာတေး အစပိုင်းက သူမအပေါ် သက်ရောက်မှု မရှိချေ။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now