အခန်း (၇၀) အိတ်ထဲမှာ

1.7K 277 1
                                    

အခန်း (၇၀) အိတ်ထဲမှာ

ရှောင်ယွမ်အာက ထိုအခိုက်အတန့်၌ တကယ်ရယ်မိချင်သော်လည်း ထိန်းထားကာ သူမ၏ ရှစ်စွင်းကို တစ်ချက်ခိုးကြည့်လိုက်သည်။

လုကျိုး၏ အမူအရာက ရေပြင်ကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်၏။ သူ တွေးနေသည့်အရာကို မည်သူမှ မခန့်မှန်းနိုင်ပေ။ သူက မုတ်ဆိတ်မွေးကိုသာ ဆက်သပ်နေသည်။

ရှောင်ယွမ်အာက သူမရှစ်စွင်းကို မေးခွန်းထုတ်မိသွားသည်။ သူမဘာသာ တွေးလိုက်မိ၏။

‘ရှစ်စွင်းက မုတ်ဆိတ်မွေးကို ဒီလောက်အများကြီး မသပ်ဖူးပါဘူး။ ဒီလိုအကျင့်က ရုတ်တရက်ကြီး ဘယ်လိုလုပ် ဖြစ်လာပါ့လိမ့်’

ကျောက်ရှောက လုကျိုးသည် သူ့ကို ပြန်မဖြေကြောင်း မြင်လိုက်သည့်အခါ “ ဆရာကြီး ကျုပ်တို့ကို ကူညီပေးပါ ”

အဆုံးသတ်၌ လုကျိုးက မထူးမခြားနား ပြောလိုက်သည်။

“ ငါ့မှာ အစီအစဉ် ရှိပြီးသား .. ယွမ်အာ သူတို့ကို လိုက်ပို့လိုက်တော့ ”

ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်သည်။ သူမက ကျောက်ရှောဆီ ခုန်ဝင်သွားပြီး ထွက်သွားဖို့ လက်ဟန်ပြလိုက်သည်။

ကျောက်ရှောက ကူကယ်ရာမဲ့သလို ဖြစ်နေသည်။ သူက ထွက်သွားရုံမှအပ တခြားရွေးချယ်စရာ မရှိပေ။

လုကျိုးက ပြောစရာ မရှိချေ။ ဆရာတစ်ယောက်အနေနှင့် သူ့တပည့်များကို သွန်သင်ဆုံးမရာ၌ ဆိုင်းဘုတ်ထောင်ထားရဦးမည်လား။ ထို့အပြင် မင်ရှစ်ရင်က မိန်းမငယ်လေးများကို စော်ကားခဲ့ခြင်း မဟုတ်ဘဲ တောပုန်းဓားပြများကိုသာ သတ်ခဲ့ခြင်း ဖြစ်၏။ လူထု၏ မိစ္ဆာဝေဟင်မျှော်နန်းအပေါ် သီးခြားအမြင် ရှိနေမှန်း သိသာလှသည်။ မိစ္ဆာဝေဟင်မျှော်နန်းက ဘာလုပ်လုပ် ပြဿနာရှာနေသည်ဟုသာ မြင်ကြသည်။

ကျန်းအိုက်ကျန့်က ထွက်မသွားသေးပေ။  “ဆရာကြီး … ဆရာကြီး ”

လုကျိုးက ဆက်ထိုင်နေပြီး ကျန်းအိုက်ကျန့်ကို ကြည့်လိုက်ကာ “ ကျန်းအိုက်ကျန့် … ”

ကျန်းအိုက်ကျန့်က လုကျိုးဆီ အပြေးရောက်လာပြီး ပြုံးဖြီးကာ  “ ကျွန်တော်နဲ့ မရင်းနှီးချင်ဘူးဆိုတာ သိပါတယ် ”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now