အခန်း (၉၄) ခွဲခွာချိတ်ကောက်

1.6K 259 0
                                    

အခန်း (၉၄) ခွဲခွာချိတ်ကောက်

အစပိုင်းတွင် မင်ရှစ်ရင်အနေနှင့်  လုကျိုးက  ကြမ်းတော့မည်ဟု တွေးခဲ့မိသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်ပေါ်မှ စုန်းပညာ၏ အတားအဆီး ပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်သည့်အခါ ပျော်ရွှင်မိသွားတော့သည်။ သူက သက်ရောက်မှုကြောင့် ဒယီးဒယိုင် ဖြစ်နေသော်လည်း မကျေမနပ် မခံစားရပေ။

ချွမ် …

မင်ရှစ်ရင်က လက်နက်စင်နှင့် အရှိန်ပြင်းပြင်း ဝင်တိုက်မိသွားသည့်အခါ လက်နက်များက ပြုတ်ကျလာလေ၏။

………………

ထိုစဉ် တာ့ယန်နန်းတော်အတွင်း အမှောင်ခန်းတစ်ခု၌ …

လိုက်ကာဖြင့် ကာဆီးထားသော ဖယောင်းတိုင်၏ အလင်းရောက်အောက်တွင် ထိုအခန်းက မည်မျှရှုပ်ပွနေကြောင်း မြင်တွေ့နိုင်သည်။  ခန်းစီးနောက်တွင် ပိုးထည်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးက မျက်လုံးပိတ်လျက် ကျင့်ကြံနေသည်။ သူမ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။ သူမက ဒေါသတကြီးဖြင့် စားပွဲပေါ်မှ ပစ္စည်းများကို အကုန်ရိုက်ထုတ်ပစ်လိုက်သည်။ သူမက ကြောက်ရွံ့သည့် အရိပ်အယောင်ဖြင့် ရေရွတ်လိုက်သည်။ 

“ တစ်ယောက်ယောက် ငါ့မန္တန်ကို ဖျက်လိုက်တာလား။ ဘယ်သူလဲ ”

…………..…

လုကျိုးက သူ မင်ရှစ်ရင်ကို လွင့်စဉ်သွားစေသည်ကို ကြည့်ပြီး အံ့ဩမိသွားသည်။ ထိုစဉ် သူက ဗြဟ္မာသားချော့တေးကို ပယ်ဖျက်နိုင်ပြီးနောက် လန်းဆန်းသွားသည့် တူညီသော ခံစားချက်မျိုး ရလိုက်သည်။ သူက ကောင်းကင်ကျမ်းကို နားလည်အောင်လုပ်ရင်း ထူးခြားစွမ်းအားတစ်မျိုး ရလာသည်ကို အသေအချာ သိလိုက်၏။ မည်သို့ပင်ဆိုစေကာမူ ထိုကိစ္စများကို စဉ်းစားနေရမည့်အချိန် မဟုတ်သေးပေ။ သူက မင်ရှစ်ရင်အား မြန်မြန် သွားကြည့်လိုက်သည်။

စုန်းပညာ၏ အတားအဆီး ပယ်ပျောက်သွားပြီးနောက် မင်ရှစ်ရင်က ပိတ်ဆို့ခံထားရသော သူ့ချီသွေးကြောများနှင့် စွမ်းအင်ဗဟိုချက်အတွင်းရှိ ချီပင်လယ်တို့ ပြန်လည် ပွင့်လာသည်ကို အာရုံခံမိလိုက်သည်။ လွှင့်စင်သွားရာမှ နာကျင်မှုသည်လည်း ထိုအရာနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။ သူက ချီစွမ်းအားကို မြန်မြန်လှည့်ပတ်လိုက်ပြီး အခြေတည်အောင် လုပ်လိုက်သည်။  ထို့နောက် သူက ဒူးထောက်ကာ  “ ရှစ်စွင်း အတားအဆီးကို ဖယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှစ်စွင်းရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းပဲ ”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now