အခန်း (၉၂) မင်ရှစ်ရင် ပြဿနာတက်နေပြီ

1.6K 258 3
                                    

အခန်း (၉၂) မင်ရှစ်ရင် ပြဿနာတက်နေပြီ

လုကျိုးက ယဲ့ထျန်းရှင်း မျက်ဝန်းမှ နောင်တတရားတို့ကို မြင်လိုက်ရသည်။ ကံဆိုးသည်မှာ အလွန်နောက်ကျလွန်းသွားလေပြီ။

ယဲ့ထျန်းရှင်းက လုကျိုးကို မြင်လိုက်လိုက်ချင်း  သူက အလျှော့ပေးလိုက်ပြီး သူမအား လာတွေ့သည်ဟု ထင်လိုက်မိသည်။ သို့သော်လည်း လုကျိုးက အေးစက်နေဆဲ ဖြစ်ကာ  “ မင်းကို မေးစရာရှိတယ်။ မင်းအနေနဲ့ ဖြေပေးရုံပဲ ”

“ဟုတ်ကဲ့ ရှစ် .. နားလည်ပါပြီ ” ယဲ့ထျန်းရှင်းက လုကျိုးအား ရှစ်စွင်းဟု ခေါ်တော့မည့်ဆဲဆဲတွင် စကားကို အလျင်အမြန် ထိန်းလိုက်ရသည်။

“ယွီလုံရွာအကြောင်း ဘယ်တုန်းက စုံစမ်းခဲ့တာလဲ ”

ယဲ့ထျန်းရှင်းက ထိုမေးခွန်းကြောင့် ကြောင်အသွားသည်။ သူမက ရှစ်စွင်းသည် ဆူပူလိမ့်မည်ဟု တွေးထင်ထားခဲ့၏။ ရှစ်စွင်းက ယွီလုံရွာအကြောင်း ပို၍ စိတ်ဝင်စားနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုအခိုက်အတန့် သူမ စိတ်ထဲမှ ခံစားချက်များ ပွင့်ထွက်လာလေသည်။ ခဏတွေးလိုက်ပြီးနောက် သူမက ရိုးရိုးသားသား ဖြေဖို့ ဆုံးဖြတ်လိုက်သည်။ 

“ မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်လာပြီးတော့ ၁၀ နှစ်မြောက်လောက်မှာပါ ”

“ နန်းတော်နဲ့ နယ်မြေတွေဆီကနေ ဘယ်လိုသိခဲ့တာလဲ ”

“ လရောင်ဆွတ်နန်းဆောင်က ညီမတချို့က နန်းတော်မှာ အမျိုးသမီးအစောင့် ဖြစ်ဖူးတယ်ဆိုတော့ နန်းတော် စည်းမျည်းတွေ၊ အတွင်းပိုင်းနေရာတွေနဲ့ ပတ်သက်ပြီး ရင်းနှီးကြတယ်။ သူတို့က သတင်းရဖို့ ကူညီပေးတာပါ။ ဒါပေမဲ့ ငါးနှစ်လောက်ကြာခဲ့တယ်” ယဲ့ထျန်းရှင်းက အရေးမပါသည့်အလား ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

လုကျိုးက ယဲ့ထျန်းရှင်းသည် အာဏာပိုင်လက်ထဲမှ မှတ်တမ်းများ ရရှိဖို့ ငါးနှစ်တာ အချိန်ကုန်ခဲ့ကြောင်း ကြားသည့်အခါ နည်းနည်း အံ့အားသင့်သွားသည်။ ထိုအရာကြောင့် သူမ မည်မျှဆုံးဖြတ်ထားသည်ကို သိလိုက်ရသည်။

ယဲ့ထျန်းရှင်းက ဆက်ပြောလိုက်သည်။ 

“ယွီလုံရွာ သုတ်သင်ခံရတာက နန်းတော်ထဲ ဆွေကြီးမျိုးကြီးတွေအမြင်မှာ ကိစ္စအသေးလေးပဲ။ ဒါပေမဲ့ … ရွာသားရာကျော် … ” သူမက စိတ်ခံစားချက်များလွန်းလာကာ ဆက်မပြောနိုင်တော့ပေ။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now