အခန်း (၁၁၂) မင်းက ငါ့ကို မကြောက်ဘူးလား

1.4K 228 3
                                    

အခန်း (၁၁၂) မင်းက ငါ့ကို မကြောက်ဘူးလား

အားလုံးက လေထဲ မျောလွင့်လာသည့် အရာအပေါ် အာရုံစိုက်ထားကြပြီးနောက် စကားပြောနေသူအား လှည့်ကြည့်လိုက်ကြသည်။

ဆရာကြီးလား။

သူက ဘာလို့ လူဆိုးကောင်ကို ကူညီပေးနေရတာလဲ။

လုကျိုးက ပိအန်းအနားတွင် ရပ်ပြီး စကားပြောနေသူ ဖြစ်၏။ သူက လက်တစ်ဖက်ဖြင့် မုတ်ဆိတ်မွေးသပ်ကာ တစ်ဖက်ကို နောက်ပစ်ထားလိုက်သည်။

တိုက်ပွဲကြည့်နေကြသည့် ကျောက်စိမ်းစင်မြင့်မှ တပည့်များက ကြောင်အမ်းသွားကြသည်။

“ဆရာကြီးလား”

“ဘာဖြစ်သွားတာလဲ ”

“ဆရာကြီးက မိစ္ဆာကို သတ်ပစ်မှာ မဟုတ်ဘူးလား။ သူ့လက်ထဲက လက်နက်က ဘယ်လိုလုပ် မိစ္ဆာလက်ထဲ ရောက်သွားရတာလဲ ”

ထိုစဉ် ခွဲခွာချိတ်ကောက်က ကျန့်ချိုးချီရှေ့ ရောက်လာသည်။

“အသုံးမဝင်တာတွေ လုပ်နေတာပဲ” ကျန့်ချိုးချီက သူ့အသက်ဓားသွားကို မြောက်လိုက်သည်။ သူက ပြိုင်ဘက်ကို သတ်ပြီး နောက်ဆုံးအရာကို ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်သည်။

ဘန်း

ကျန့်ချိုးချီ၏ ဓားမော့က ခွဲခွာချိတ်ကောက် ပေါ် ကျရောက်လာသည်။

ခွဲခွာချိတ်ကောက်က ကောင်းကင်အဆင့် လက်နက်သက်ရောက်မှုကြောင့် အပြင်းအထန် လည်ပတ်လာပြီး ဆက်တိုက် အောက်သို့ ကျဆင်းလာသည်။

ကျန့်ချိုးချီက ထိုအရာကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားသည်။

ဒီပစ္စည်းက အသက်ဓားသွားရဲ့ ရိုက်ချက်ကို ခံနိုင်ရည် ရှိတယ်လား။

သူက ထိုထူးထူးဆန်းဆန်း လက်နက်ကို ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

ကျန့်ချိုးချီကြောင့် လွင့်စဉ်သွားခဲ့သည့် လက်နက်က ပိုင်ရှင်ကို ရှာတွေ့သွားသည့်အလား မင်ရှစ်ရင်လက်ထဲ တန်းတန်းမတ်မတ် ကျရောက်လာသည်။

“တင် … ခွဲခွာချိတ်ကောက်နဲ့ ဓားအိမ်က ပိုင်ရှင်အဖြစ် အောင်အောင်မြင်မြင် အသိအမှတ်ပြုလိုက်ပါပြီ။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now