အခန်း (၁၇၈) မတန်တဆဈေး

1.2K 189 0
                                    

အခန်း (၁၇၈) မတန်တဆဈေး

ကျူးဟုန်ကုန်းက အမိန့်ရရချင်း တောင်ပေါ်မှ ဆင်းလာသည်။ သူက ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းဆီ သွားဖို့ အင်တင်တင် ဖြစ်နေသော်လည်း သူ့ရှစ်စွင်း၏ အမိန့်ကို မနာခံဘဲ မနေရဲပေ။ သူက သဘောတူရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။ ထို့အပြင် ဤသည်က သူ့အတွက် အခွင့်အရေးကောင်း ဖြစ်၏။ သူက သွားနေရင်း ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းနှင့် မည်သို့ဆွေးနွေးညှိနှိုင်းရမည်ကို စတင် တွေးတောလိုက်သည်။

ကျူးဟုန်ကုန်းက အတွေးထဲနစ်မျှောနေစဉ် ဖန်ကျုံးက ပြုံးဖြီးလျက် ရုတ်ခြည်း ပေါ်လာသည်။

“ အဋ္ဌမ သခင်လေး .. ”

“ ဘယ်သူလဲ ”

“ကျွန်တော် ဖန်ကျုံးပါ ” ဖန်ကျုံးက ကျူးဟုန်ကုန်းရှေ့ ပေါ်လာသည်။

ကျူးဟုန်ကုန်းက ဖန်ကျုံးကို မြင်လိုက်သည့်အခါ စိတ်တိုစွာ ပြောလိုက်သည်။

“ ထွက်သွားစမ်း … မင်းနဲ့ အရင်နေ့က ကိစ္စတွေ မပြီးသေးဘူး  ”

“ အဋ္ဌမ သခင်လေးက တိုင်းတာလို့မရလောက်အောင် စိတ်သဘောထားကြီးတဲ့သူဆိုတော့ ဒီရန်ငြိုးကို မဖက်တွယ်ထားပါနဲ့တော့။ တစ်ချက်တည်းကြည့်ရုံနဲ့ သခင်လေးနဲ့ အခြားလူတွေနဲ့ မတူဘူးဆိုတာ ပြောနိုင်တယ်။ စကားလေးနည်းနည်းကြောင့် ရန်ငြိုးထားမှာ မဟုတ်ဘူးမလား …  ”

ဖန်ကျုံးက ပြောလိုက်သည်။

“မင်းရဲ့ မြှောက်ပင့်နေတဲ့ စကားတွေ သိမ်းထားလိုက် … ငါ ဘယ်တော့မှ မကျရှုံးဘူး ”

ကျူးဟုန်ကုန်းက ပြောလာသည်။

“အဋ္ဌမ သခင်လေးက ကျွန်တော်ကို မှားစွပ်စွဲနေတာပဲ။ တကယ်လို့ အမှန်အတိုင်းပြောတာကို မြှောက်ပင့်စကားလို့ ယူဆနေရင် တွေ့တိုင်း လိမ်ညာနေရမှာပေါ့ ”

“အဲလိုလည်း ဟုတ်သားပဲ။ ပြော … ဘာလုပ်ချင်တာလဲ ”

ဖန်ကျုံးက အပြုံးလေးနှင့် ပြောလိုက်သည်။

“ စတုတ္ထသခင်လေးက မျှော်နန်းသခင်ဆီ သခင်လေးရဲ့ ကောင်းကြောင်း ပြောပေးမယ်လို့ ပြောလိုက်တယ်။ သခင်လေး လုပ်ဖို့လိုတာက ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းဆီ သွားရုံပဲ။ စတုတ္ထသခင်လေးက မိစ္ဆာဝေဟင်မျှော်နန်းထဲကို စောင့်ပေးထားလိမ့်မယ် ”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now