အခန်း (၁၇၂) လူသစ်လေးက လူသစ်လေးရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိသင့်တယ်

1.3K 215 1
                                    

အခန်း (၁၇၂) လူသစ်လေးက လူသစ်လေးရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိသင့်တယ်

ယခုတလော ရွှေနန်းဥယျာဉ်တောင်တွင် အကြောင်းထူးမရှိဘဲ သူတို့က တောင်ပေါ်မှ လွတ်လွတ်လပ်လပ် ထွက်သွားခွင့် မရှိကြသောကြောင့် ဖန်ကျုံးက လူသစ်လေးကို မြင်လိုက်ရသည့်အခါ သိချင်လာမိ၏။

မင်ရှစ်ရင်က ခေါင်းညိတ်ပြလိုက်သည်။

ဖန်ကျုံးက ကျူးဟုန်ကုန်းဆီ သွားကာ အကဲဖြတ်လိုက်သည်။

‘သူက ဝတုတ်တုတ်လေး အရပ်လည်း မမြင့်ဘူး … ကြည့်ရတာ ငတုံးပုံလေး … သူက သဘောကောင်းသူပဲ ဖြစ်ရမယ် …’

“ ငါ့နာမည်က ဖန်ကျုံး …  ညီအစ်ကို မင်းနာမည်ကရော” ဖန်ကျုံးက ရင်းနှီးစွာ ပြောလိုက်သည်။

ကျူးဟုန်ကုန်းက မျက်လုံးဝေ့ကြည့်လိုက်သည်။ သူ ဒေါသထွက်တော့မည့်ဆဲဆဲတွင် မင်ရှစ်ရင်က လည်ချောင်းရှင်းသံ ပြုလိုက်၏။ ကျူးဟုန်ကုန်းက ဒေါသကိုသာ မျိုချလိုက်ရသည်။

ဖန်ကျုံးက မတုံးပေ။ သူက စတုတ္ထသခင်လေး၏ လူသစ်လေးပေါ် လည်ချောင်းရှင်းသံလေးဖြင့် ဖိနှိပ်နိုင်စွမ်း ရှိပုံကို အံ့အားသင့်သွားလေသည်။ သူက ကျူးဟုန်ကုန်းကို အရိပ်အခြည်ပြလိုက်ပြီး  “ လူသစ်လေး … စတုတ္ထသခင်လေးက သဘောကောင်းတဲ့လူပါ။ စိတ်မပူနဲ့ … ဒီနေ့ကစပြီး ငါတို့က ညီအစ်ကိုတွေပဲ ”

ကျူးဟုန်ကုန်းက ထပ်တောင့်မခံနိုင်တော့ဘဲ ပြန်လည်ချေပလိုက်သည်။

“ ဘယ်သူက မင်းညီအစ်ကိုလဲ ”

ဖန်ကျုံးက ပြောလိုက်သည်။

“ ဒီနားမှာ ပြောလို့မကောင်းဘူး။ ဒီမှာ စတုတ္ထသခင်လေးရှိတာ ကံကောင်းသွားတယ်။ မဟုတ်ဘဲ တတိယသခင်လေးနဲ့ နဝမ သခင်မလေးတို့ဆိုရင် ဘာမှပြောရဲမှာ မဟုတ်ဘူး ”

“ … ”

‘ဒီငတုံးက ဘယ်ကနေ ရောက်လာတာလဲ … သူက ငါ့ရှစ်စွင်းလိုမျိုး စွမ်းအားကြီးသလို ပြုမူနေတာ ကြည့်စမ်းပါဦး ’

မင်ရှစ်ရင်က လက်မြာက်ကာ ပြောလိုက်သည်။

“ သွားတော့ ”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now