အခန်း (၁၄၃) သေတ္တာ၏ လျှို့ဝှက်ချက်

1.2K 201 0
                                    

အခန်း (၁၄၃) သေတ္တာ၏ လျှို့ဝှက်ချက်

ယွီကျန့်ဟိုင်၏ လက်ဝါးထဲမှ ထွက်ပေါ်လာသော အန္တရာယ်ကင်းပုံရသည့် လက်ဝါးရာနှင့် တိုက်မိသွားတော့သည်။

ဖုန်း

လှိုင်းများက လေထဲ၌ဂယက်ထသွားပြီး တိုက်ခိုက်မှု၏ရလဒ်တစ်ခု ဖြစ်ပေါ်လာတော့သည်။

ဖုန်း ဖုန်း ဖုန်း

ပတ်ဝန်းကျင်ရှိသစ်ပင်များက အမြစ်ကနေ တညီတညွတ်တည်းလဲပြီး ထက်ခြမ်း ပိုင်းခံလိုက်ရတော့သည်။ ထူးဆန်းဖွယ်ကောင်းသည်မှာ လှိုင်းများက မပျော်ဝင်သွားပေ။ ဆန်းကြယ်သော စွမ်းအင်တစ်ခုက အင်အားဖြည့်ပေးနေပုံရ၏။

ကျူးဟုန်ကုန်း၏အမူအရာက  အားကျမှုနှင့်အံ့ဩမှုတို့ ပြည့်နေသည်။ ထိုတိုက်ကွက်က သူ၏ တာ့ရှစ်ရှိုးယွီကျန့်ဟိုင်၏ မဟာအမှောင်ကောင်းကင်အောက်မေ့ရာနှင့်လက်ဝါးတိုက်ကွက် မဟာအမှောင်ကောင်းကင်လက်ဝါးတို့ကို ပေါင်းစည်းထားခြင်းဖြစ်ပေ၏။

လက်ဝါးရိုက်ချက်တစ်ချက်က ရန်သူပေါင်းများစွာကို ဖယ်ရှားနိုင်ပြီး ယင်းက ကနဦးချီ၏ မှန်ကန်မှုတစ်ခုဖြစ်ပေသည်။ ကျူးဟုန်ကုန်းက ယင်းကို လုံလောက်အောင်မရခဲ့ပေ။

“နောက်ဆုတ်”

ကျန့်ချွန်းလိုင်က ထိတ်လန့်သွားပြီး လူတိုင်းကို နောက်ဆုတ်ရန် သတိပေးလိုက်တော့၏။ လူရွယ်က ပြိုင်စံရှားလက်ရွေးစင်တစ်ဦးဖြစ်မှန်း ချက်ချင်းသိလိုက်သည်။

ယွီကျန့်ဟိုင်က မော့ကြည့်ပြီးပြောလိုက်တော့၏။

“နောက်ကျသွားပြီ” သူ၏အသံကလေထဲ၌ ပေါ်ထွက်လာပြီး အင်အားတစ်ခုကို သယ်ဆောင်လာပုံရ သည်။

ဘန်း ဘန်း ဘန်း

ဗြဟ္မာ့ပင်လယ်နယ်ပယ်ကျင့်ကြံသူများက တစ်ချက်တောင် ခံနိုင်ရည်မရှိကြချေ။ သူတို့က ယင်ကောင်များသဖွယ် ချက်ချင်းပြုတ်ကျလာတော့၏။ တစ်ဖက်တွင် နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူများက ကောင်းကင်ထဲ ပိုမြင့်မြင့်ပျံသန်းနိုင်ခဲ့သော်ငြား သူတို့၏အဆုံးသတ်က ကြေကွဲဖွယ်ကောင်းပေ၏။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now