6.1K 868 17
                                    

အပိုင်း၂ တိုက်ရိုက် ထုတ်လွှင့်နိုင်သော ပလက်ဖောင်း အပိုင်းခွဲ တစ်

အနာဂတ် ကာလ၏ ဆေးဝါးဆိုင်ရာ နည်းပညာတွေက ဖွံ့ဖြိုး တိုးတက်လာသော်လည်း သည်ဆေးဝါးတွေက ရေတိုအတွက်သာ အဆင်ပြေသေးသည်။ သူ့တွင် မှတ်ဥာဏ်မေ့ပျောက်ခြင်းမှ လွဲပြီး အခြား ကြီးကြီးမားမား ရောဂါ မ၇ှိတော့ပေ။ ကိုယ်ခံအားနည်းခြင်းနှင့် ကိုယ်လက် လှုပ်၇ှားမှု နည်းခြင်းကြောင့် ဖြစ်သည့် ခန္ဓာကိုယ် အားပြတ်ခြင်းနှင့် ကြွက်သားအ လုပ်လုပ်နှေးနေခြင်းတို့မူကား စိုးရိမ်ရန် မ၇ှိပေ။အိမ်တွင်ပြန်လည် အားမွေးလိုက်ရုံဖြင့် အဆင်ပြေပေသည်။

ထို့ကြောင့် ယွမ့်ထန်းက သတိရလာပြီးကတည်းက ဆေးရုံတွင် နောက်ထပ် တစ်ရက် ထပ်နေပြီးသည်နှင့် နောက်နေ့တွင် ဆင်းခဲ့လိုက်လေသည်။

ကံကောင်းသည်မှာ အနာဂတ်၏ သယ်ယူပို့ဆောင်ရေး နည်းစနစ်က အလွန်အဆင့်မြင့်လာကာ ပျံသန်းနိုင်သော ကားတွေကို နေရာအနှံ့ မြင်ရပေသည်။အလင်းဦးနှောက်ကိုသာ အမိန့်ပေးလိုက်သည်နှင့် ချက်ချင်း ရောက်လာမည်ဖြစ်သည်။ အလင်းဦးနှောက်ဆိုသည်မှာ အနာဂတ်မှ လူတို့ ကွန်ပျူတာကို အခြေံခံကာ တည်ဆောက်ထားသည့် ဖိုတွန်ဖြစ်သည်။အရွယ်အစား သေးငယ်သည့်အပြင် သယ်ယူရလွယ်ပြီး ဖန်၇ှင်အပြည့်ပါသည်။ ယွမ့်ထန်း၏ အလင်းဦးနှောက်က လက်ပတ်ပုံစံဖြင့် ရှိသည်။ ဒါက ချောမွေ့ကာ သတ္ထုဆန်သည့် အားကစား လက်ပတ်ကို အဆင့်မြင့်ထားပုံနှင့် တူသည်။

သူက အလင်းဦးနှောက်ကို အောင်အောင်မြင်မြင့် အမိန့်ပေးပြီး ငါး မိနစ်အကြာတွင် သေးငယ်ကာ ချစ်စဖွယ်ကောင်းသော လေထဲပေါလောပေါ်နေသည့် ကားတစ်စီးက သူ့ေ၇ှ့ ရောက်လာသည်။ ထိုကားတွင် မောင်းသူ မပါပေ။ သို့သော်လျှင်မြန်စွာ ပျံသန်းနိုင်ပြီး မသက်မသာ ခံစား၇တာမျိုး မ၇ှိပေ။ ထို့ကြောင့် လုံခြုံ ဘေးကင်းသည့်အပြင် အလွန်သွားလာရ လွယ်ကူပေသည်။

၁၅မိနစ် ကြာပြီးနောက် ယွမ့်ထန်းသည် ၂၅ထပ်မြင့် အဆောက်အဦရှေ့သို့ ရောက်လာသည်။သူက တံခါးလက်ကိုင်ဖုကို ကိုင်ထားသည်။ သူ့ခြေထောက်တွေက တုန်နေ၏။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now