၁၉

4.8K 892 34
                                    

အပိုင်း ၁၉

ရန်ကျင်းနှင့် ဟော်ဝေ့ရီတို့ ပြန်လာချိန်တွင် ညီအစ်ကိုနှစ်ယောက်ကြား၇ှိ လေထုက ပုံမှန်မဟုတ်ကြောင်း သိသွားကြသည်။

သို့သော် သည်မြင်ကွင်းက မထူးဆန်းတော့ပေ။ ငယ်စဉ်ကတည်းက ဟော်ယွင်ချန်းက တည်ငြိမ်ပြီး ရုပ်တည်လေးနှင့် နေတတ်သည်။ထို့ကြောင့် ဟော်ယွင်ရီက အချိန်တိုင်း စနောက်လေ့ရှိသည်။ ထို့အပြင် အစလွန်ပြီး ဟော်ယွင်ချန်း ငိုခဲ့ရသည်က များသည်။ ဟော်ယွင်ချန်း ကြီးပျင်းလာသည်အခါ သူ့အစ်ကို ပြန်တိုက်ခိုက်သည်။ သို့ရာတွင် ခန္ဓာကိုယ် အရွယ်အစား ကွာခြားချက်ကို အဓိကထားပြီး ဟော်ယွင်ရီက အနိုင်ကျင်ပြီးနောက် ဟော်ယွင်ချန်း သူ့ကို မထိရဲရှာတော့ပေ။

တဖြေးဖြေး အရွယ်ရောက်လာသည့်အခါ သူတို့ညီအစ်ကို နှစ်ယောက်ကလည်း အချိန်တိုင်း စနောက်ကာ အ၇ှုပ်တွေ လုပ်နေခဲ့သည့်တိုင် အခြားသော ညီအစ်ကိုတွေထက် ခံစားချက်တွေ ပိုနက်ရှိုင်းပြီး အလွန်ချစ်ကြသည်။

ယွမ့်ထန်းက သည်တစ်ကြိမ် ဟင်းများစွာ ပို့လိုက်သည့်အတွက် ရန်ကျင်းက ခပ်မြန်မြန် ထမင်း တစ်အိုးချက်ကာ အားလုံး မြိန်ရှက်စွာ စားလိုက်ကြသည်။

စားပြီးနောက် ဟော်ယွင်ချန်းက ရေချိုးသည်။ ခါးတွင် သဘက်သာ ပတ်လျက် အပြင်သို့ ထွက်လာသည်။မျက်နှာမှ ရေတွေက တစက်စက် ကျနေလျက်မှ သူက အိပ်ယာတွင် ဝင်ထိုင်သည်။ မျက်နှာမှ ရေတွေ သုတ်လိုက်ရင်း ယွမ့်ထန်းအား မည်သို့ ချဉ်းကပ်သင့်ကြောင်း သူ တွေးသည်။

တိုက်ရိုက် ထုတ်လွှင့်မှုမှ လက်ဆောင်တွေ ပေးရုံက မလုံလောက်ပေ။ ယွမ့်ထန်း၏ နှလုံးသားထဲ နေရာရလိုလျှင် အပြင်တွင် ဆက်ဆံရေးကောင်းရှိရန် လိုအပ်သည်။

အောက်ထပ်တွင် ဖွင့်ထားသော တီဗွီ စီးရီးမှ အသံတွေ ထွက်နေသည်။ သိပ်မကျယ်သော်လည်း သူ ကြားနေရသေး၏။

ဟော်ယွင်ချန်း သတိရသွားသည်။ ယွမ့်ထန်းက အရင်က ရုပ်၇ှင်အင်ပါယာ မဟုတ်လား။

အမျိုးသား ဇာတ်လိုက်တစ်ယောက်အနေနဲ့ အကောင်းဆုံး အမြင့်ဆုံး ဆုကို ရပြီးနောက်မှာ ဘဝရဲ့ အကောင်းဆုံး အခြေအနေမှာ ဒီလိုအခြေအနေကို ရောက်သွားရတယ်။ ငါးနှစ်လောက် အိပ်ပျော်ပြီးတဲ့နောက်မှာ သူ့ရဲ့ ကျော်ကြားမှုတွေအားလုံးကို ဆုံးရှုံးလိုက်ရတယ်။ ဒါကြောင့်များ ယွမ့်ထန်းရဲ့ရင်ထဲမှာ ခါးသီးမှုတွေ ပြည့်နေလောက်မလား

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now