၅၁

2.4K 397 2
                                    

အပိုင်း၅၁

ဟော်ယွန်ချန်းက အစပ်ကြိုက်သည်။ ထို့ကြောင့် ဟော့ပေါ့ရဲ့အစပ်ဘက်ခြမ်းက သူ့ဘက်သို့ လှည့်ထားပြီး ဟော်ယွန်ရီကမူ အစပ်မစားနိုင်သည့်အတွက် ဟင်းချိုအဖြူက သူ့ဘက်သို့ လှည့်ထားလိုက်သည်။ ယွမ့်ထန်းကမူ နှစ်မျိုးလုံးစားနိုင်သည့်အတွက် အလယ်တွင်ထိုင်သည်။
“မြန်မြန်စားကြရအောင် အသားက ချက်တာကြာသွားရင် မကောင်းတော့ဘဲ နေလိမ့်မယ်”
သူက စစားရန် ပြောလိုက်သည်။

“မင်းလည်းစားပါ”

ဟော်ယွန်ချန်းက စားနေချိန်တွင် ယွမ့်ထန်းသဘောကျသည့် စားစရာတိုင်းကို အာရုံစိုက်ထားသည်။ ယွမ့်ထန်းက သိုးသားပြားများ၊ ပုဇွန်နှင့်ငါးကို မကြာခဏစားကြောင်း မြင်သောအခါ ဟော်ယွန်ရီကလည်း ထိုအရာများကို ယူကာ ယွမ့်ထန်းဘက်သို့ ဆက်တိုက်ပို့ပေးနေသည်။ ယွမ့်ထန်းကလည်း ဟော်ယွန်ချန်းကို သူကြိုက်သည့်အရာများကို ပြန်လည်ထည့်ပေးနေသည်။

ဟော်ယွန်ရီ”…”

ဟော်ယွန်ရီခမျာ သူ့ကိုယ်သူ တတိယလူအဖြစ်ပင် ခံစားနေရလေသည်။

“သူ့ရဲ့ဒီညီငယ်လေးက တကယ်ကိုတက်ကြွနေတာပဲ"

မည်သို့ပင်ဆိုစေ သုံးယောက်လုံးက အရသာရှိသော ဟော့ပေါ့ကို ကောင်းမွန်စွာစားသောက်နိုင်ခဲ့ပြီး သူတို့၏ဗိုက်က လုံးဝန်းလာသည်အထိ စားသောက်လိုက်ကြသည်။ ထို့နောက် ရပ်တန့်ရန်ပင် ဆန္ဒမရှိသည်အထိ ဖြစ်သွားခဲ့ရသည်။
ဟော်ညီအစ်ကို ပြန်သွားပြီးသောအခါ ယွမ့်ထန်းက မျက်နှာသစ် ပလုတ်ကျင်းပြီးသည်နှင့် အိပ်စက်ရန် ကြံစည်တော့သည်။ မျှော်လင့်ထားသည့်အတိုင်း အင်ပါယာအတွင်းရှိ လူအများအတွက် ဟော့ပေါ့က စိတ်လှုပ်ရှားဖွယ်ရာ ကိစ္စတစ်ခု ဖြစ်လာနိုင်လေသည်။

ယွမ့်ထန်းကလည်း ပရိတ်သတ်ကို ကတိပေးထားသည့်ကိစ္စကို မှတ်မိသည်။ ထို့ကြောင့် နောက်တစ်နေ့နံနက်တွင် စောစောထပြီး ပုဇွန်လုံးနှင့်အသားလုံးများစွာ လုပ်လိုက်သည်။ သည်နေ့မနက်ပိုင်း မဲနှိုက်ချိန်တွင် ထိုပုဇွန်လုံးနှင့်အသားလုံးများကို ဆုအဖြစ်ပို့ပေးရန်စီစဉ်ထားသည်။ ထိုနည်းအားဖြင့် ကြည့်ရှုသူများအားလုံး ပျော်ရွှင်သွားပေလိမ့်မည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now