၅၆

2.6K 459 12
                                    

အပိုင်း ၅၆

ဟင်းပွဲကို စားပွဲပေါ်ချလိုက်သောအခါ လူတိုင်းက မစောင့်နိုင်ကြတော့ချေ။ သူတို့အနေနှင့် သည်ဟင်းပွဲကို ပထမဆုံးအကြိမ်စားရခြင်း ဖြစ်သော်လည်း မည်သို့စားရမှန်း သေချာနားမလည်သော်လည်း မသိစိတ်အရ ငါး၏ဖြူနုနေသော အသားလွှာထံသို့သာ လက်လှမ်းလိုက်ကြသည်။
နူးညံ့ကာအိစက်နေသောအသားများက ပါးစပ်ထဲသို့ရောက်သွားချိန်တွင် စပ်ဖျင်းဖျင်း အရသာက နှုတ်ခမ်းများကို ထုံကျဉ်သွားစေပြီး ပြင်းထန်သည့်အရသာက ပါးစပ်တစ်ခုလုံးအနှံ့ ကျူးကျော်ဝင်ရောက်လာတော့သည်။ သူတို့၏နဖူးကပင် အပူဒဏ်ကြောင့် ချွေးစေးများပြန်လာသော်လည်း မည်သူကမျှ အရှိန်မနှေးကြချေ။ သူတို့က စားလေလေ ပို၍စားချင်လေလေ ဖြစ်လာခဲ့သည်။ အထူးသဖြင့် လူထွားမျိုးနွယ်များမှ လူများဖြစ်သည်။ သူတို့က တော်ဝင်စားဖိုမှူး၏ ပြောင်မြောက်သော လက်ရာစွမ်းရည်ကို အလွန်သဘောကျ နှစ်ခြိုက်နှင့်ပြီးလေပြီ။ ထို့အပြင် ဟင်းလျာတိုင်းက ထွက်လာသမျှ တစ်ပွဲမှ ဆိုးရွားသော အရသာများ မရှိနေခဲ့ချေ။ သည်ဟင်းလျာက အလွန်စပ်သည်ဟု ဆိုနိုင်သော်လည်း အလွန်ကောင်းမွန်သော စားစရာနှင့် တွေ့ကြုံရချိန်တွင် မည်သူကမျှ ထိုအစပ်ကဲမှုကို ဂရုမစိုက်ကြတော့ချေ။

ယွမ့်ထန်းကလည်း ထိုလူထွားများက ငါးအရိုးများကို ထွေးထုတ်မည့်အရေးကို စိုးရိမ်မိသည့်အတွက် အရိုးအလွန်နည်းသော ငါးအသားလွှာများကိုသာ ထည့်ကာ အလှဆင်ထားခြင်းဖြစ်သည်။ အသားက နူးညံ့ကာ အိစက်ပြီး အလွန်ကောင်းမွန်ကာ လက်ဆတ်သည့်ခံစားချက်ကို ရရှိစေမည်ဖြစ်သည်။ အထပ်ထပ်ပုံဖော်ကာ ပြင်ဆင်ထားသော ငါးအသားလွှာများနှင့်ပဲစေ့များ၊ အာလူးမျှင်များနှင့် အခြားသော အရသာရှိသည့် ပဲများကို ထပ်ဖြည့်ထည့်ထားသေးသည်။ ထိုဆိမ့်သောအရသာများက ဟင်းရည်ထဲတွင် အပြည့်အဝ ပျော်ဝင်နေလေပြီး အလွန်အရသာရှိသော ခံစားချက်များကို ရရှိနေမည်ဖြစ်သည်။ တစ်လုတ်အပြည့် စားလိုက်ရုံမျှဖြင့် အရည်ရွှမ်းသော အရသာများက ပါးစပ်ကို သိမ်းကျုံးဝါးမြိုသွားမည် ဖြစ်သည်။ ထိုဟင်းရည်က ငါးကို စားရခြင်းထက်ပင် ပို၍ကောင်းမွန်နေအုံးမည် ဖြစ်သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now