၂၆ အဆကျ

4.3K 926 26
                                    


၂၆ အဆက်

နောက်ဆုံးဟင်းတစ်ပွဲကို မြည်းစမ်းပြီးသည့်နောက်တွင် ကုလဲ့ကျီက ချောင်းဟန့်သည်။ သူ၏စားဖိုမှူး အစည်းအရုံး၏ ဂုဏ်ပုဒ်ကိုသာထိန်းမနေခဲ့လျှင် သူချက်ချင်းယွမ့်ထန်းအနားသို့ ခုန်ဝင်သွားလောက်ချေပြီ။ သူက ယွမ့်ထျန်းကိုသာစိတ်ဝင်စားမှုအပြည့်ဖြင့်စိုက်ကြည့်ကာ လေးစားမှုအပြည့်ဖြင့်ပြောလာ၏။

“လေးရာသီစားပွဲက တကယ်ပဲ ရွေးချယ်ထားတဲ့ပါဝင်ပစ္စည်းတွေအားလုံးကို သင့်လျော်အောင်ချက်ပြုတ်နိုင်တယ်၊ အားလုံးကလည်း ဒီနာမည်နဲ့ လိုက်ဖက်ညီနေတာပဲ။ တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ် ၊မင်း စိတ်ကူးတကယ်ကောင်းပါတယ်”

“ဟုတ်တယ် ဟင်းလျာတွေအားလုံးက တကယ်ကို အံ့သြစေတယ်”
အနားတွင်ရှိသည့်ကောလောင်က ပြောသည်။

“မင်းရဲ့ဒီသခွားသီးကို ချက်ထားတဲ့နည်းလမ်းက တကယ့်ကို ထူးခြားပြီးရိုးရှင်းလွန်းလှတယ်ဆိုပေမဲ့ နူးညံ့တဲ့အရသာမပျောက်အောင် ထိန်းနိုင်ပြီး သဘာဝအရသာပေးစွမ်းနိုင်နေတုန်းပဲ”

“ထည့်ပြောဖို့တောင်မလိုဘူး၊ ဒီဟင်းလျာလုပ်တဲ့နည်းလမ်းက အရမ်းလွယ်တယ် ။လူတိုင်းဒါကို ချက်ပြုတ်နိုင်တယ်၊ ဒါပေမဲ့သူတို့ဒီလိုချက်ပြုတ်ပေမယ့် အရသာက ယွမ့်ထန်းကိုတော့ ယှဉ်နိုင်မယ်မထင်ဘူး”

“သေချာတာပေါ့”
ကောလောင်ကလည်း လေးစားမှုအပြည့်ဖြင့်ဝင်ပြောသည်။

“အရင်တုန်းက ငါတို့တွေက ငါတို့ရဲ့လက်ရာကသာအကောင်းဆုံးလို့ယုံကြည်ခဲ့ကြတယ် ၊ပါဝင်ပစ္စည်းတွေအားလုံးကို ရှေ့နောက်ဘယ်ပြန်ညာပြန်စမ်းသပ်ခဲ့ကြတယ်။ ပုံသဏ္ဍာန်အမျိုးမျိုး ဒီဇိုင်းအမျိုးမျိုးပုံဖော်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ဘယ်လိုနည်းနှင့်မှ ဒီလိုရိုးရှင်းတဲ့ ချက်ပြုတ်နည်းက ဒီလိုအရသာကောင်းထွက်လာစေမယ်ဆိုတာကို မမျှော်လင့်ခဲ့မိကြဘူး ၊ငါတို့ တကယ်ကို ပျက်ကွက်ခဲ့တာပဲ”

“၂နာရီခွဲအတောတွင်းမှာ သူက ဟင်းလျာ၁၀မျိုးလုံးကို ချက်ပြုတ်နိုင်ခဲ့တယ်၊ အားလုံးက အနံ့ရော အရသာရော အရမ်းကောင်းတယ် ။သူက ပါဝင်ပစ္စည်းအမျိုးစား၂၀ကိုတောင် သုံးပြသွားခဲ့တာ၊ ပြောရမယ်ဆိုရင် သူ့ရဲ့လုပ်နိုင်စွမ်းကတော့ ပြိုင်ဘက်ကင်းပါပဲ။ ပါဝင်ယှဉ်ပြိုင်သူက အံ့သြဖို့အကောင်းဆုံးဟင်းချက်လက်ရာကိုပြသနိုင်ခဲ့တယ်လို့ ငါတော့ယုံကြည်တယ်”
ဥက္ကဠကုက ဆက်တိုက် ချီးကျူးနေသည်။ သူက ဆက်ပြော၏။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now