4.6K 955 85
                                    

အပိုင်း ၈ ပုစွန် ဖက်ထုပ်

မနေ့ညက အဖြစ်အပျက်တွေကို ယွမ့်ထန်း မသိပေ။ သူသည် ချိန်အကြာကြီး အိပ်ပြီးနောက် ဗိုက်မှ တဂွီဂွီ အသံကြားရတော့မှသာ နိုးလာသည်။ သူ ဗိုက်ကိုပွတ်ပြီး ယခင်ဘဝကကဲ့သို့ မနက်စာ မှာ မစားနိုင်ခြင်းကို စိတ်ပျက်သွားရသည်။

သူသာ မနက်စာကို လှမ်းမှာထားပြီး ဆက်အိပ်နိုင်မယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ

" မဟုတ်သေးဘူး မဟုတ်သေးဘူး ငါ အခုထပြီး တိုက်ရိုက် ထုတ်လွှင့်၇မယ်"

ယွမ့်ထန်းက ရေရွတ်နေရင်း စောင်ကို တင်းတင်းဆုပ်ကိုင်ကာ အိမ်ယာထဲ အကြိမ် အနည်းငယ် လှိမ့်နေလိုက်သည်။

ထို့နောက် ကျွမ်းကျင်စွာဖြင့် အလင်းဦးနှောက်ကို ဖွင့်ကာ ရှော့ပင်းဆိုက်ထဲ ဝင်လိုက်ကာ ပါဝင်ပစ္စည်းတွေကို ကြည့်သည်။ သိပ်မကြာခင်အချိန်က အကယ်ဒမီက လုံခြုံဘေးကင်းစွာ စားသုံးနိုင်သော ဟင်းအမယ်အသစ် တစ်မျိုးကို ထုတ်ပြန်ထားသည်။သည်လို စစ်ဆေးလိုက်သဖြင့်လည်း ကောင်းတာလေးကို မလွတ်သွားခြင်းဖြစ်သည်။

အာလူးကို အကယ်ဒမီက မိတ်ဆက်ထားသည်မှာ ရက်အနည်းငယ် ကြာနေလေပြီ။ သို့တိုင် နည်းလမ်းတကျဆိုလျှင် အသစ်တစ်ခု ထုတ်ပြန်ကြေငြာရန်မှာ မဖြစ်နိုင်သေးချေ။သို့သော် ယခုမူ အပြာရောင် စာလုံးဖြင့် ရေးထားသော စာတွေကို သူကိုယ်တိုင် မြင်လိုက်ရပြီဖြစ်ကာ မျက်လုံးပင် ပြူးသွားတော့သည်။

" ...."

သူ ခပ်မတ်မတ် ထထိုင်လိုက်သည်။ သူ့မျက်နှာတွင် အပြုံးက ပေါ်လာ၏။

ပုဇွန်ပဲ။

ပုဇွန်သည် ယွမ့်ထန်းအကြိုက်ဆုံး စားစရာဖြစ်သည်။
ကင်ပဲကင်ကင်၊ ပြုတ်ပဲပြုတ်ပြုတ်၊ ဖုတ်ပဲဖုတ်ဖုတ်၊ ဒါမှမဟုတ် အကင်မှုန့်နဲ့ တဝက်ကြော်တာပဲဖြစ်ဖြစ် ဘယ်လိုပုံစံနဲ့ပဲ ပြောင်းပြောင်း တစ်ခုချင်းဆီတိုင်းက ထူးကဲတဲ့ အရသာကို ရလိမ့်မယ်။ ပုဇွန်အရသာကို အခြား ပါဝင်ပစ္စည်းတွေက လွှမ်းမိုးဖို့ ခက်တယ်။ သူ့ရဲ့ ထူးကဲတဲ့ အရသာကို ဘယ်လိုနည်းလမ်းနဲ့ပဲ ချက်ချက် ဖုံးလွှမ်းနိုင်မှာ မဟုတ်ဘူး။ဒါကြောင့် ပုဇွန်က နတ်သုဒ္ဓါလို့တောင် သုံးလို့ရသေးတယ်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now