၅၅

2.7K 496 10
                                    

အပိုင်း ၅၅ (အပိုင်းခွဲ-၂)

ဒုတိယမြောက် ဟင်းပွဲက ပျားရည် ကြက်တောင်ပံဖြစ်သည်။ အရည်ရွှမ်းကာ တောက်ပနေသည့် ကြက်တောင်ပံများက ချစ်စဖွယ်ပန်းကန်ပြားထဲ အလှဆင်ကာ စီထည့်ထားသည်။ ချလိုက်သည်နှင့် ချိုမြိန်သော ရနံ့က ထောင်းတက်လာကာ လူတိုင်း ခေါင်းမြုပ်ရန် မစောင့်နိုင်သည်အထိ ဖြစ်လာစေသည်။

ထိုကြက်တောင်ပံများက အလွန်အီမည့်ပုံစံ ရှိနေသော်လည်း စားလိုက်သည်နှင့် ထိုသို့မဟုတ်ကြောင်း သိလိုက်ရသည်။ သူတို့အနေနှင့် မည့်သည်အချဉ်ကို ဆမ်းထားကြောင်း မသိသော်လည်း ချိုချဉ်အရသာကိုတော့ ခံစားနိုင်ကြသည်။ ကြက်တောင်ပံဘေးသားများက တူးနေသလိုလို ရှိနေသော်လည်း အနေတော် တူးနေခြင်းသာ ဖြစ်သည်။ တစ်ကိုက် ကိုက်လိုက်ချိန်တိုင်း ကြွပ်ရွသည့် ခံစားချက်ကို ရလေသည်။ အတွင်းသားများက နူးညံ့နေပြီး အရည်ရွှမ်းနေသဖြင့် စားသောက်ခြင်းကို ရပ်ပင် မရပ်နိုင်တော့ချေ။

သူတို့က သတိပင် မထားမိသေးခင် ကြက်တောင်ပံ လေးခုလုံးက ကုန်သွားပြီဖြစ်သည်။ သူတို့က စားသောက်နေချိန်တွင် စတားနက်ဝေါ့မှ ကြည့်ရှုသူများက သားရည် တမြားမြား ဖြစ်နေကြလေပြီ။

[အမျိုးသမီး ချွီ: အိုး လောကမှာ အနာကျင်ဆုံး အရာက ကြည့်ပဲ ကြည့်နေရပြီး စားလို့ မရတာပဲ]

[ဝတ်စုံဖြူဝတ် ဝိုင်လဲလှယ်သူ: ငါ မှတ်မိပါသေးတယ် တစ်ခါ ကြက်တောင်ပံနဲ့ အာလူးဟင်းကို တိုက်ရိုက် ချက်ပြခဲ့သေးတယ် မဟုတ်လား၊ အဲဒီတုန်းက တအားစားကောင်းတာနော်]

[သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: သူ ကိုက်လိုက်တုန်းက အတွင်းကြက်တောင်ပံသားတွေ ငါ မြင်လိုက်တယ်။ အာ ဒီလိုမလုပ်ပါနဲ့ ကျေးဇူးပြုပြီး နည်းနည်းတော့ ကျွေးပါ]

“ဟူး ဒီဟင်းက နည်းလွန်းတယ်။ ငါ ပန်းကန်ပြားကြီး တစ်ပန်းကန် အပြည့်ပါလာရင်တောင် စားနိုင်တယ်”

လူထွားမျိုးနွယ်မှ လူတစ်ယောက်က ပြောသည်။

 သူ၏ အနားမှလူက စူးစိုက်ကြည့်ကာ ခပ်တိုးတိုး ဆူသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now