၇၆

1.5K 274 4
                                    

.အပိုင်း  ၇၆

အမျိုးမျိုးသော ရေမကောင်းဆိုးဝါးဂဏာန်းများက အလွန်အမင်း ကြီးမားလွန်းသည်။ သူတို့အားလုံးကိုသာ ပြုတ်မည်ဆိုလျှင် သီးသန့်ထုတ်လုပ်ထားသည့် ဒယ်စောက်အိုးကဲ့သို့ ကြီးမားသည့် ဒယ်အိုးကြီးများကို အသုံးပြုရပေလိမ့်မည်။ ထို့ကြောင့် ကိုင်တွယ်ရ ခက်ခဲနိုင်သည်။ ထို့ကြောင့် ဂဏာန်းအစပ်လုပ်ရန်အတွက် တိုက်ရိုက်ပင် ခုတ်ပိုင်းလိုက်ခြင်းက ပို၍ပင်ကောင်းသည်။

ဂြိုလ်နံပါတ် ၁၉ မှ ရေ၏အရည်အသွေးက အလွန်ကောင်းမွန်လောက်သည်။ ထိုရေမကောင်းဆိုးဝါးဂဏာန်းများ၏ ကိုယ်ထည်များက ယခင် မြေကမ္ဘာခေတ်ကကဲ့သို့ အညစ်အကြေးများ ရှိနေခြင်းမရှိဘဲ သူတို့၏ အစာခြေဖျက်သည့်စနစ်ကပင် အတန်ငယ် သန့်ရှင်းလွန်းနေသည်။ ကမ်းစပ်တွင် ဂဏာန်းများကို စမ်းသပ်ခဲ့ချိန်က ထိုဂဏာန်းများ၏အတွင်းတွင် အညစ်အကြေးများပင်ဖြစ်စေ၊ မသန့်စင်သောအရာများပင် ဖြစ်စေ မရှိကြောင်း ရှာတွေ့ခဲ့ကြသေးလေသည်။ ထို့ကြောင့် ရိုးရှင်းစွာ ဆေးကြောသန့်ရှင်းလိုက်ရုံမျှဖြင့် တိုက်ရိုက်ပြုတ်ရန် အဆင်သင့်ဖြစ်လေသည်။ သူ၏ယခင်ဘဝကဲ့သို့ ရေထဲသို့ ဦးစွာထည့်စိမ်ထားရန်လည်း မလိုအပ်ပြန်ချေ

ယွမ့်ထန်းက အလွန်အမင်း ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသည့် ရေမကောင်းဆိုးဝါးများကို ထုတ်လိုက်ကြောင်း မြင်သောအခါ ကြည့်ရှုနေသူများ အားလုံးက ထိတ်လန့်နေကြသည်။ သူတို့က ဂြိုလ်နံပါတ် ၁၉ မှနေထိုင်သူများကဲ့သို့ ထိုရေမကောင်းဆိုးဝါးအပေါ် နက်ရှိုင်းသည့် ကြောက်လန့်သည့်ခံစားချက်မျိုး မရှိနေသော်လည်း ထိုအကောင်များကို မြင်ရုံဖြင့်ပင် မစားနိုင်လောက်အောင် ထိတ်လန့်မိကြသည်။

[မြစ်ကမ်းဘေးမှာ လမ်းလျှောက်နေတဲ့ ၂၃၃ .. ဒါကြီးက ရုပ်ဆိုးလွန်းမနေဘူးလား၊ စားလို့ရပါ့မလား]

[ကြောင်ကြယ် .. တင်ဆက်သူကို ယုံကြည်ထားရအောင် တင်ဆက်သူက ဒါကို စားလို့ရတယ်ဆိုမှတော့ စားလို့ရလို့ပေါ့၊ အရင်က ငါးကလည်း အရမ်းရုပ်ဆိုးတာပဲ မဟုတ်ဘူးလား၊ နောက်တော့ အရမ်းအရသာရှိတယ်လေ ဟုတ်ပြီလား]

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now