22

4.3K 926 13
                                    

အပိုင်း ၂၂ သုံးဆင့် ကျော်ခြင်း အပိုင်းခွဲတစ်

ယွမ့်ထန်း၏ စကားကြောင့် ချီကျောက်က မျက်နှာမဲ့သည်။ လက်၇ှိအချိန်တွင် သူ ယွမ့်ထန်းကို အရိုးထဲကပင် မုန်းတီးသည်။ ထို့ကြောင့်ခ ျက်ချင်း ပြော၏။

" အိုး ငပြောင်ပဲ။ ကြယ်လေးပွင့်ဆိုတာက မင်း လိုချင်တိုင်း ရရလောက်အောင်များ လွယ်တယ်ထင်နေတာလား"

သို့သော် မည်သူမျှ သူ၏စကားကို အလေးမထားပေ။ ကုလဲ့ကျီက မျက်မှောင်ကြုတ်ကာ ယွမ့်ထန်းကို ကြည့်လိုက်သည့်အခါ လေးနက်နေသည့် အမူယာကို မြင်လိုက်ရသဖြင့် ယွမ့်ထန်း နောက်မနေမှန်း သေချာသွားသည်။

သူ ယွမ့်ထန်းကို အလေးအနက်ထားကာ မြင့်မားစွာ မျှော်မှန်းထားသော်လည်း ယွမ့်ထန်းက အတွေ့အကြံ ု နည်းပါးနေသေးသည်။ သူသာ ကျရှုံးသွားလျှင် စိတ်ဒဏ်ရာဖြစ်သွားမည်ကိုလည်း စိုးရိမ်သည်။သည်ကိစ္စကြီးက သူ၏ စိတ်ဒဏ်ရာဖြစ်သွားကာ ရှေ့လျှောက် တိုးတက်မှုတို့ တုန့်ဆိုင်းသွားနိုင်ခြင်းအား တွေးမိပြီး အကြံပေးလိုက်သည်။

"ကောင်လေး လေးဆင့် ဆက်တိုက် တက်တာက ထင်သလောက် မလွယ်ဘူး။ ကြယ်လေးပွင့်အဆင့်ဆိုရင် မင်းအနေနဲ့ ပါဝင်ပစ္စည်း အမျိုးနှစ်ဆယ်ကို ဟင်းဆယ်ပွဲရအောင် ချက်ပြရလိမ့်မယ်။ဒါ့အပြင် ကြယ်နှစ်ပွင့်နဲ့ ကြယ်သုံးပွင့်ကိုလည်း ကျော်ဖြတ်ရဦးမယ်။ ကောင်လေး အနာဂတ်က ရှည်လျားပါတယ်။ တခဏဒေါသလေးနဲ့ တက်လမ်းကို မပျက်ပါစေနဲ့"

" ကျေးဇူးပြုပြီး မစိုးရိမ်ပါနဲ့"
ယွမ့်ထန်းက ပြုံးသည်။

" ကျွန်တော် ပြောလိုက်ကတည်းက တကယ် လုပ်နိုင်လို့ပါ"

ဖြောင်းဖျလို့ မရနိုင်မှန်း သိသည့်အခါ သူက ပြုံးလိုက်သည်။
" ကောင်းပြီ၊ အခု ၁၂နာရီ မထိုးသေးတော့ နောက် ကြယ်နှစ်ပွင့် စစ်ဆေးပွဲ ဖြေဖို့ မီသေးတယ်"

သူ ထိုကလေးကို ကာကွယ်ပေးရန်သာ ဆုံးဖြတ်ထားလိုက်သည်။ မကောင်းသည့် အခြေအနေတွေ ဖြစ်လာလျှင်ပင် ဥက္ကဌဆိုသည့် သူ၏ အဆင့်အတန်းဖြင့် သူ ကာကွယ်ပေးနိုင်မည်ဟု ယုံသည်။ အမှားအယွင်းကိစ္စတွေ မ၇ှိစေရန် သူ မှာကြားထားရပေမည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now