၁၃

5K 915 76
                                    

အပိုင်း ၁၃ ရုပ်ရှင် အင်ပါယာ ယွမ့်ထန်း

" အာ..."

ဟော်ယွင်ရီ မျက်ခုံးပင့်လိုက်၏။
" ဆိုတော့ မင်းက ဟော်...ဆိုတာလား"

သူ မနေနိုင်ဘဲ ချက်ချင်း ထရပ်ကာ ညီဖြစ်သူ၏ နှဖူးကို သွားစမ်းသည်။
" အခု ငါ့ကို ပြောစမ်းပါဦး မင်း တစ်ခုခုများ ဖြစ်နေလား"

ဟော်ယွင်ချန်း:"....."

သူက သူ့အကို၏ လက်ကို အေးစက်စွာ ဖယ်ချလိုက်ပြီး ဘူးထဲက ကြက်တောင်ပံကို ပြလိုက်သည်။
" အကြောင်းပြချက်က ဒီမှာ"

သူ၏ ခံတွင်းပျက် ဝေဒနာကို သဘာ၀ အစားအစာတွေနှင့် ကုသနိုင်ခြင်းက အံ့သြဖွယ်ကောင်းသည်ဟုပင် ဆိုရမည်။

စံအိမ်အပြင်ဘက်မှ ကားသံ ကြားသည့်အခါ ရန်ကျင်း ပြုံးလိုက်သည်။
" မင်းတို့ အဖေ ပြန်လာပြီ"

သူမက အပြုံးနှင့်အတူ အစောတလျင် ပြေးသွားသည်။

မိသားစုတွင် အက်စ်အက်စ်အဆင့် နှစ်ယောက်၇ှိသည်။အောင်ပွဲခံနိုင်ခြင်းမှလွဲပြီး သူတို့၏ ထက်၇ှသော အာရုံခံ ငါးပါးက သာမန် စိတ်လှုပ်၇ှားဖွယ်အတွေ့အကြုံတွေကို ခံစားခြင်းမှ ပိတ်ပင်ထားသည်။ဥပမာအားဖြင့် စားသောက်ရေးတွင် ဖြစ်သည်။ သူတို့ မိသားစု လေးယောက် တစ်ခါမှ အတူမစားဖူးကြပေ။သူမနှင့် သားကြီးက အောက်ထပ်တွင် သဘာ၀ စားစရာတွေ စားလေ့၇ှိပြီး သားငယ်နှင့် ယောင်္ကျားဖြစ်သူက အပေါ်ထပ်တွင်သာ အားဖြည့် ဆေးရည်ကို သောက်လေ့၇ှိသည်။

သားငယ် ယူလာတဲ့ ကြက်ပေါင်က သားငယ်လေးတောင် သဘောကျတာဆိုတော့ သူမ ယောင်္ကျားလည်း ရွံတာမျိုး မဖြစ်လောက်ပါဘူ

သူမက တံခါးကို ဖွင့်ကာ ယောင်္ကျားဖြစ်သူ၏ ယူနီဖောင်းကို ကူချွတ်ပေးလိုက်သည်။ ထို့နောက် အတူ ထိုင်စားမလားဟု မေးလိုက်၏။

အမြဲတမ်း အပေါ်ထပ်တွင်သာ အားဖြည့်ဆေးရည် သောက်တတ်သည့် သူ၏ သားငယ်လေးတောင် ငြိမ်သက်စွာ ထိုင်နေကြောင်း မြင်ရသည့်အခါ ဟော်ဝေ့ရီ၏ မျက်ခုံးတွေ ပင့်တက်သွားလေသည်။ သူ ငြင်းတောမည့်အချိန်တွင် ကွာခြားနေသော မွှေးပျံ့သည့် စားစရာ အနံ့ကို ရလိုက်လေသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now