၅၉

2.9K 510 33
                                    

အပိုင်း ၅၉

အိမ်သို့ပြန်လာပြီးနောက် ယွမ့်ထန်း ထမင်းပေါင်းအိုးကိုသုံးကာ ဝက်သားနှင့်ကြက်ဥဆန်ပြုတ်ကို အိုးကြီးအပြည့်ပြုတ်လိုက်သည်။ သူက ဉာဏ်ရည်မြင့် အိမ်တော်ထိန်းရှောင်ပိုင်ကို ညွှန်ကြားထားပြီးနောက်တွင် နောက်ရက်တွင် အသင့်ပြင်ဘူးများထဲသို့ ထည့်စေကာ ဂေးဘတ်တို့အဖွဲ့ထံသို့ ပို့ခိုင်းလိုက်သည်။

မည်သို့ပင်ဆိုစေ သူ၏ခန္ဓာကိုယ်က အပြည့်အဝ မသက်သာသေးချေ။ ညစာစားပွဲကြီးကို ပြင်ဆင်ရန်အလို့ငှာ အားအင်များစွာ စိုက်ထုတ်ခဲ့ရသေးလေကာ သူ အလွန်ပင်ပန်းနေခဲ့ချေပြီ။ သူကလည်း သည်နေ့ည ကောင်းကောင်းအိပ်စက်ရန် လိုသည်။ ဆန်ပြုတ်ကို မနက်စာနှင့်နေ့လည်စာအတွက် သူတို့ စားသောက်နိုင်မည်ဖြစ်ကာ ညနေစာအတွက် သူက အသားဟင်းများ ပို့ပေးလိုက်လျှင် အဆင်ပြေသည်။ ဟင်းလျာအားလုံးကို ကိုင်တွယ်ပြီးနောက်တွင် ယွမ့်ထန်းက ရိုးရှင်းစွာ သန့်ရှင်းလျက် အိပ်စက်အနားယူတော့သည်။
ယွမ့်ထန်းက ထိုည ကောင်းစွာ အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့နံနက် ယွမ့်ထန်းက အင်အားများ ခြောက်ကပ်နေသည်ဟု ခံစားရချိန်တွင် နေ့လည်ခင်းမှသာ နိုးထလာခဲ့သည်။ သည်နေ့၏ တိုက်ရိုက်ထုတ်လွှင့်မှုက လွယ်ကူသောအရာများသာ လုပ်ဆောင်ပြီး အားအင်အနည်းငယ် ထိန်းသိမ်းထားရန် ကြံစည်ထားလေသည်။
အနည်းငယ် တွေးတောပြီးနောက် ယွမ့်ထန်းက နေ့လည်ခင်း တိုက်ရိုက်ထုတ်လွှင့်မှုကို အရသာရှိသော အမဲသားကင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ အနောက်တိုင်း ဟင်းလျာမျိုးဖြစ်ပြီး အရိုးရှင်းဆုံးလည်း ဖြစ်သည်။

သူက စတားနက်ဝေါ့ထံသို့ သွားကာ ရှော့ပင်းဆိုင်ထဲသို့ဝင်ပြီး အမဲဗိုက်သား အပိုင်းကြီးသုံးပိုင်းနှင့် အားလုံးပေါင်းလိုက်လျှင် ပေါင် ၂၀ ခန့်ရှိသည်။ အမဲသားမိုးခိုသားက နွား၏အနူးညံ့ဆုံးအပိုင်းဖြစ်ပြီး လူအများစုက အကင်အဖြစ် အစားများသော အပိုင်းလည်းဖြစ်သည်။ ဗိုက်သားတွင် အသားနှင့်အရွတ်များ ရောနှောနေလေကာ အမဲသားကင်အတွက် လူသိများသေးသည်။ ယွမ့်ထန်းက မိုးခိုသားထက် ထိုအရွတ်သားကိုပို၍ သဘောကျလေသည်။ ထို့အပြင် နောက်တစ်ကြိမ် သူ အချိန်ရလျှင် နံရိုးကင်စသည်ဖြင့် အရာများကို လုပ်ရန် ဆုံးဖြတ်ထားလိုက်သည်။
အမဲသားကို သိပ်မကြာခင် လာပို့သည့်အခါ သူက ရိုးရှင်းစွာသာ ပြင်ဆင်ပြီးသည်နင့် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။
သူက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ဝင်လိုက်သည်နှင့် ယွမ့်ထန်း၏မျက်လုံးထဲတွင် တောက်ပသော အထူးပြုအက်ဖက်များနှင့် လက်ဆောင်များက သူ၏မျက်လုံးအား ကျိန်းစပ်သွားစေသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု ချက်ခန်းကို သူက ရှင်းလင်းစွာမြင်လိုက်သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now