၅၈

2.3K 437 10
                                    


အပိုင်း ၅၈
ဂေးဘတ်ကလည်း မာရှယ်ဟော်ယွန်ချန်းက ပင်လယ်ပြာအင်ပါယာတွင် မည်မျှအရေးကြီးကြောင်း ကောင်းမွန်စွာနားလည်ထားသည်။ သို့သော် ဂေးဘတ်အနေနှင့် မမျှော်လင့်ထားသည်မှာ ထိုမျှအေးစက်သောကောင်တွင် မိတ်ဆွေကောင်းက ရှိနေသည်။

ဂေးဘတ်၏သံယအကြည့်ကို သတိထားမိလိုက်သည့် ယွမ့်ထန်းက အနည်းငယ်ခေါင်းညိတ်ပြလိုက်ကာ ဟော်ယွန်ချန်း၏မိတ်ဆွေကောင်းဆိုသော စကားက မှန်ကန်ကြောင်း အတည်ပြုပေးလိုက်သည်။

ဂေးဘတ်ကလည်း ထိုကိစ္စကို မစိုးရိမ်တော့ချေ။ မည်သို့ပင်ဆိုစေ ယွမ့်ထန်းပါလာသမျှ ကာလပတ်လုံးအဆင်ပြေလေသည်။ ထို့ကြောင့် သူက တက်ကြွစွာပြောသည်။

“ကောင်းပြီ အတူသွားကြစို့”

ဂေးဘတ်နှင့် လက်အောက်ငယ်သားများက မတ်တပ်ထရပ်လိုက်သောအခါ ယွမ့်ထန်းကလည်း အလွန်ပြင်းထန်သည့်ဖိအားကို ခံစားလိုက်ရသည်။ သူတို့က ထိုင်နေကြချိန်တွင် မသိသာသော်လည်း မတ်တပ်ထရပ်သည်နှင့် ယွမ့်ထန်းအနေနှင့် လူထွားများ၏ သာမာန်အရပ်က နှစ်မီတာခန့်ပင် ကျော်ကြောင်း သိလိုက်ရသည်။ အထူးသဖြင့် ဂေးဘတ်ဆိုသည့် ခေါင်းဆောင်ဆိုသူဆိုလျှင် နှစ်ဒသမသုံးမီတာဝန်းကျင်ခန့်ရှိလေရာ လူအများစုကို သူ့အားမော့ကြည့်ရစေသည်။
ယွမ့်ထန်းက သတိလက်လွတ်ဖြင့်ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ ဟော်ယွန်ချန်း၏အနားတွင် သူ၏နေရာကို ခိုင်မြဲစွာရပ်လိုက်သည်။ ထိုသို့ရပ်လိုက်မှသာ ပို၍သက်တောင့်သက်သာ ရှိသွားသည်ဟု ခံစားလိုက်ရလေသည်။

ဂေးဘတ်”…”
ငါထင်ယောင်ထင်မှားဖြစ်တာလား။ ငါအရှောင်ခံလိုက်ရသလိုပဲ။

မည်သို့ပင်ဆိုစေ စားသောက်ပွဲက အဆုံးသတ်သွားပြီ ဖြစ်သည့်အတွက် ထိုတစ်ဖွဲ့လုံးက စစ်တပ်၏လေ့ကျင့်ရေးကွင်းထဲ သွားကြတော့လေသည်။

“ဒါက အသစ်ဖန်တီးထားတဲ့ မာရှ်အသစ်ဆိုတာလား”

ဂေးဘတ်ကလည်း မျက်စိဖမ်းစားဖွယ်ကောင်းသော ငွေရောင်သံချပ်ကာ မာရှ်တစ်ခုကို လေ့ကျင့်ရေးကွင်းတွင် ထင်ရှားစွာ မြင်လိုက်ရသည့်အချိန်တွင် မျက်လုံးမလွင့်နိုင်တော့ချေ။ ထိုမာရှ်မှ ထွက်လာသော ပေါက်ကွဲစွမ်းအားများကိုပင် သူက အပြင်ဘက် ပုံပန်းသွင်ပြင်နှင့်တင် ခံစားမိလေရာ လည်ပတ်သည့်စနစ်ကို အင်ပါယာ၏ ပန်းပွင့်မှ ကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားကြောင်းကို သိရလေရာ ပုံမှန်ထက် အရှိန်နှုန်းမြင့်မားမည်မှာ သေချာပေသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now