၂၉

4K 855 59
                                    


အပိုင်း ၂၉ ရုတ်တရက်နောက်ခံပေါ်သွားခြင်း

တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းက ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို တင်းကြပ်စွာကာကွယ်ထားတယ်။ တင်ဆက်သူတွေတောင် မဲပေါက်သူတွေရဲ့ လိပ်စာကို သိဖို့မလိုဘူး။ သူတို့ကို ပို့မယ်လို့အတည်ပြုပြီးတာနဲ့ အရာအားလုံးကို သယ်ယူပို့ဆောင်ရေးလုပ်ငန်းစုတွေနဲ့ ၀က်ဆိုဒ်က ပူးပေါင်းလုပ်ဆောင်သွားတာဖြစ်တယ်။ ဒီလိုနည်းလမ်းနဲ့ ကြည့်ရှုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ကာကွယ်ထားနိုင်တဲ့အပြင် တင်ဆက်သူအတွက်လည်း အရမ်းအဆင်ပြေတယ်။

မာရှယ်ဟော်နှင့် အကယ်ဒမီဥက္ကဌဟော်တို့ကို ယွမ့်ထန်းပို့လိုက်သည့်ပစ္စည်းများ ပို့ပြီးသားဖြစ်သည်။ တစ်ခုက အကယ်ဒမီသိပ္ပံဆီသို့ရောက်သွားပြီး အခြားတစ်ခုက စစ်တပ်ဌာနချုပ်သို့ ရောက်သွား၏။

အနာဂတ်ကာလတွင် သူနိုးထလာခဲ့သည်မှာ တစ်လခန့်ရှိသွားပြီဖြစ်သည်။ ယွမ့်ထန်းအနေဖြင့် လက်ရှိခေတ်၏ ယေဘုယျအချက်အလက်အနည်းအများကို ဖမ်းဆုပ်မိနေပြီဖြစ်သည်။ အရေးကြီးသော အချက်အလက်များအားလုံးကို သိလာပြီဖြစ်၏။ အထူးသဖြင့် ထိုညီအကိုနှစ်ယောက်အကြောင်းဖြစ်သည်။ သူတို့နှစ်ယောက်လုံးကို ပါရမီရှင်နှင့် အလုပ်ကြမ်းပိုးဟု သတ်မှတ်နိုင်သည့်တိုင် နှစ်ယောက်လုံး၏ ပေးလာသည့်လိပ်စာများက သူတို့၏ရုံးချုပ်လိပ်စာများဖြစ်ကြ၏။

ပစ္စည်းများအားလုံးကိုပို့ပြီးနောက် ယွမ့်ထန်းက ထိုင်ခုံတွင်ထိုင်ကာ စားသောက်ရန် ဆုံးဖြတ်လိုက်သည်။

အငံဓာတ်ကဲပြိး အစပ်ဓာတ်ပြင်းတဲ့ ကြက်သားမွှေကြော်တစ်လုတ်နှင့် ယန်ချုံးထမင်းကြော်ကိုပေါင်းစားလိုက်ပြီးနောက် ချိုမြိန်ကာအရသာကဲသော ခရမ်းချဉ်သီးကြက်ဥစွတ်ပြုတ် တစ်စွန်းအပြည့် ခပ်သောက်လိုက်သည်။ ရိုးရှင်းသောဟင်းလျာများဖြစ်သည့်တိုင်အောင် သူ၏ဆာလောင်နေသည့်ဗိုက်ကို ကျေနပ်စေသည်။

အ၀စားသောက်ပြီးနောက် ယွမ့်ထန်း၏အလင်းဦးနှောက်က အသံထွက်လာသည်။

ယွမ့်ထန်းယခုတလောသူ၏အလင်းဦးနှောက်မှ ထိုသို့ရောင်ပြန်ဟပ်နေသည်ကို မကြာခဏမြင်နေရသည်။ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်း၏ ကိုယ်ပိုင်ချန်နယ်မှလာနေခြင်းဖြစ်၏။ ယခင်က သူ စာဖိုမှူးအစည်းအရုံးနှင့် အကယ်ဒမီသိပ္ပံတို့ထံမှစာများကို ဖတ်ပြီးသားဖြစ်သည်။ ဒီတစ်ကြိမ်တွင်မူ မရပ်မနားပင် နံပါတ်များက ၀င်ရောက်နေခဲ့၏။ သို့သော် သူတစ်ခါမှ လက်ခံရန်ဆန္ဒမရှိဘူးပေ။ နောက်ပိုင်းတွင်မူ အကြောင်းကြားသည့်ဖုန်းများက ၀င်လာသေး၏။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now