၂၈

4.3K 860 87
                                    


အပိုင်း ၂၈ ရိုးရှင်းပြီး လွယ်ကူသောအစားအစာ

သူ မနေ့က တစ်နေ့လုံးအလုပ်များနေခဲ့သောကြောင့် ယွမ့်ထန်း နောက်တစ်နေ့နေ့လည် တစ်နာရီခန့်မှ နိုးလာခဲ့သည်။ နိုးလာပြီးသည်နှင့် သူ မူးဝေစွာဖြင့် ခဏထိုင်နေ၏။ တခဏကြာမှသာ စိတ်ကြည်သွားအောင် ရေချိုးလိုက်သည်။

ယွမ့်ထန်းက အလင်းဦးနှောက်ကိုဖွင့်ပြီး ပုံမှန်အတိုင်း ရှော့ပင်းဆိုက်အတွင်းသို့၀င်ကာ ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မည့် အချိန်တွင် အသုံးပြုနိုင်သောပါ၀င်ပစ္စည်းများကို ရှာဖွေလိုက်သည်။

နေ့လည်တစ်နာရီခန့်ရှိလေပြီဖြစ်လေရာ ယွမ့်ထန်းအနေဖြင့် ရှုပ်ထွေးသောအစားအစာများကိုသာ လုပ်မည်ဆိုလျှင် ညနေသုံးလေးနာရီခန့်မှ သူ နေ့လည်စာစားရလောက်သည်။ ထို့ကြောင့် ယွမ့်ထန်းက ရိုးရှင်းလွယ်ကူသောအရသာရှိသည့်နေ့လည်စာကိုသာ လုပ်ရန်ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့်သူက ကြွပ်ရွနေသော ရစ်ငှက်တောင်ပံအစပ်ကြော်နှင့် အရသာကဲပြီး အာဟာရပြည့်သော ယန်ချုံး ထမင်းကြော်ကို တိုက်ရိုက်ထုတ်လွှင့်ရန် ဆုံးဖြတ်လိုက်သည်။ စွတ်ပြုတ်အနေဖြင့် သူကခရမ်းချဉ်သီးနှင့် ကြက်ဥစွတ်ပြုတ်ကို လုပ်နိုင်သေးသည်။

အစပ်အတွက် ငရုတ်ပွ ငရုတ်သီး ၀က်သားကိုအဆီအသားရော သုံးထပ်သားနှင့် ပုစွန်တို့အပြင် တို့ဖူးအနည်းငယ်လုပ်ရန်အတွက် ပဲပုတ်တစ်ဆယ်ပေါင်ခန့် ၀ယ်လိုက်သည်။ ပါ၀င်ပစ္စည်းများအားလုံး လာပို့ပြီးသည့်နောက်တွင် ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်ရန် ပြင်ဆင်လိုက်၏။

သူတိုက်၇ိုက်ထုတ်လွှင့်ခြင်းခန်းမအတွင်းသို့ ၀င်ရောက်လိုက်သည်နှင့် သူကြောင်အသွားရသည်မှာ တစ်လောကလုံးတုန်ဟီးသွားလောက်အောင် သူ၏အရှေ့တွင် အမျိုးမျိုးသောထူးခြားသော add fri များနှင့် လက်ဆောင်များပြည့်နှက်နေသောကြောင့်ဖြစ်သည်။

မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းလျာတိုင်းကိုကြိုက်တယ်:တင်ဆက်သူကြယ်လေးပွင့်စာဖိုမှူးဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်။ တင်ဆက်သူအတွက် သလင်းပန်းတွေ ပို့လိုက်ပြီ။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now