၆၀

2.2K 390 2
                                    


အပိုင်း ၆၀

“အာ”

ဂေးဘတ်ကလည်း များများစားစား မတွေးတော့ဘဲ စိတ်လှုပ်ရှားစွာ ဖိတ်ခေါ်လိုက်သည်။
“စစ်တပ်က ကန်တင်းက စားစရာတွေက အရသာ အရမ်းကောင်းတယ်လို့ ငါ ကြားထားတယ်၊ မင်း နေ့လည်စာ မစားရသေးဘူးဆိုရင် ငါတို့နဲ့အတူစားရင် ဘယ်လိုလဲ”

ဟော်ယွန်ချန်းက မုန့်ဘူးပေါ်မှ စားစရာဟူ၍ ရေးသားထားသော စကားလုံးနေရာကို လက်ညှိုးဖြင့် အသာအယာ တိတ်ဆိတ်စွာ ဖိနှိပ်ပြီးနောက်တွင် ဖျော့တော့စွာ ပြန်ဖြေလိုက်သည်။

“အရှင်ပဲသွားပါ၊ ကျွန်တော် ဖိုင်တွေ အရင်စစ်လိုက်ပါအုံးမယ်”

“ကောင်းပြီလေ၊ ဒါဆိုလည်း”

ဂေးဘတ်က စိတ်ပျက်လက်ပျက်ဖြင့် ပုခုံးတွန့်လိုက်ပြီးနောက် သူ့ကို လမ်းညွှန်ပြနေသော အရာရှိနှစ်ယောက် နောက်မှ လိုက်ကာ ကန်တင်းရှိရာဘက်သို့ သွားသည်။

သူတို့အားလုံးက ကန်တင်းသို့ရောက်သွားသည်နှင့် ဂေးဘတ်နှင့် အခြားသူများအားလုံးက စားစရာများ၏အနံ့များကို ရလိုက်ကြသည်။ ကြီးမားသော ခန်းမကြီးထဲတွင် စားသောက်နေကြသော စစ်သားသောင်းကျော်ကို မြင်လိုက်ရကာ လေးစားစွာပြောလိုက်သည်။

“တကယ်အံ့ဩဖို့ကောင်းတာပဲ၊ လူကြီးမင်းယွမ့်ထန်းမှာ လက်ထောက် ဘယ်လောက်တောင်ရှိနေတာလဲ”

“ခြောက်ယောက်ပါ”

“ခြောက်ယောက်တည်းလား”

ဂေးဘတ်က မယုံကြည်နိုင်တော့ချေ။ ခြောက်ယောက်တည်းနဲ့ သည်လောက်လူတွေ အများကြီးအတွက် ပြင်ဆင်ပေးနိုင်တယ်လား။
တစ်ဖက်သူကလည်း သူက သံသယဝင်နေကြောင်းမြင်သောအခါ ရှင်းပြလာသည်။

“တကယ်တော့ အများစုကို တကယ်ချက်ထားတာက ဉာဏ်ရည်မြင့်စက်ရုပ်တွေပါပဲ၊ လူကြီးမင်းယွမ့်ထန်းရဲ့ လက်ထောက်တွေက နေ့စဉ်မီနူးတွေကို အကြမ်းဖျင်း ရေးဆွဲပေးတာ၊ ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပေးတာကို လုပ်ပြီး ဉာဏ်ရည်မြင့်စက်ရုပ်တွေ ချက်ပြုတ်တာကိုပဲ သူတို့က စစ်ဆေးအကဲဖြတ်တာမျိုး လုပ်ကြပါတယ်”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now