၆၅

2.5K 380 7
                                    

အပိုင်း ၆၅

နောက်တစ်ရက်တွင် ယွမ့်ထန်းက မနက်စောစောထပြီး ပစ္စည်းများကိုသိမ်းကာ ဉာဏ်ရည်မြင့်ခရီးဆောင်အိတ်ထဲသို့ ထည့်သည်။ ထိုခရီးဆောင်အိတ်၏အရွယ်အစားက သာမန်ခရီးဆောင်အိတ်များနှင့်တူသည်။ သို့သော် ဖန်ရှင်ကဏ္ဍပေါင်းများစွာပါပြီး လက်ဗွေရာဖြင့် ဖွင့်ပိတ်လုပ်၍ရသည့်အပြင် ပိုင်ရှင်က တောက်လျှောက်ကိုင်ဆွဲထားရန် မလိုအပ်ဘဲ အလိုအလျောက် နောက်မှ လိုက်နေပေလိမ့်မည်။ ထို့ကြောင့် လွယ်ကူရိုးရှင်းကာ အသုံးပြုရလွယ်ကူလေသည်။ ယွမ့်ထန်းက အဝတ်အပိုအစုံ အနည်းငယ်ထည့်ပြီး သန့်ရှင်းသပ်ရပ်သော တစ်ဘက်များကို ထည့်လိုက်သည်။ ထို့နောက် ထပ်ထည့်ရန်မတွေးနိုင်တော့ချေ။ ဟော်ယွန်ချန်း၏ပြောစကားအရ ထိုနေရာက အလွန်အမင်းခေါင်ကျပြီး ပါဝင်ပစ္စည်းများက အလွယ်တကူ ဝယ်လို့ရလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ဝယ်ယူရရှိနိုင်သည့်ပစ္စည်းများကလည်း အရည်အသွေးနိမ့်နေပေလိမ့်မည်။

ခရီးဆောင်အိတ်ထဲသို့ပစ္စည်းများကို ထည့်သွင်းပြီးနောက် ယွမ့်ထန်းက မနက်ခင်း တိုက်ရိုက်ထုတ်လွှင့်မှုအတွက် ပြင်ဆင်ရန် ကြံစည်လိုက်သည်။ မည်သို့ပင်ဆိုစေ အာကာသယာဉ်က နေ့လည်ခင်းမှသာလျှင် ထွက်ခွာမည်ဖြစ်သဖြင့် မနက်အစောပိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်နိုင်သေးလေသည်။ သူကလည်း ကြည့်ရှုသူများကို မဲနှိုက်ပေးမည်ဟု ကတိပေးထားခဲ့လေပြီး သူ့အားအထောက်အပံ့ပေးခဲ့သည့်အတွက် ထိုအခွင့်အရေးကို ယူပြီး ကျေးဇူးပြန်တင်ချင်နေခြင်းလည်းဖြစ်သည်။ ယွမ့်ထန်းက လူတိုင်းအတွက် အရသာရှိသော မနက်စာကိုပြင်ဆင်ပေးရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့ကြောင့် သည်နေ့မနက်စာကို ယွမ့်ထန်းက ရိုးရာကြက်သွန်မြိတ်ပန်ကိတ်နှင့် ဟင်းလျာအသစ်ဟု ပြော၍ရသည့် ပုဇွန်ဖက်ထုပ်ကြက်ဥကြော်ကို ပြင်ဆင်ရန်ဆုံးဖြတ်လိုက်သည်။ ထို့အပြင် သောက်စရာအနေဖြင့် အထူးသီးသန့်အရသာရှိသည့် စတော်ဘယ်ရီနို့ကိုလည်း ပြင်ဆင်ရန် ဆုံးဖြတ်ထားသည်။

ယွမ့်ထန်းက လိုအပ်သော ပစ္စည်းများကို စတားနက်ဝေါ့ထံမှ ဝယ်ပြီးသည်နှင့် ပါဝင်ပစ္စည်းများကို လာပို့ပေးသည့်အခါ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်တော့သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now