၂၅

4.7K 928 49
                                    

အပိုင်း ၂၅ လေးရာသီ စား..ပွဲ အပိုင်းခွဲ တစ်

ဒါက ယွမ့်ထန်း၏ ကိုယ်ပိုင် ဖန်တီးမှုဖြစ်သည်။  ရိုးရှင်းသော ဟင်းပွဲများဖြင့် နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းတို့၏ အငွေ့အသက်ကို ပုံဖော်မည်ဖြစ်သည်။ ယခင်ဘ၀တွင်ဆိုလျှင် သူ၏ မွေးနေ့ပွဲတွင် ဧည့်သည်များကို ဧည့်ခံရန် လေးရာသီ စား..ပွဲဖြင့် တည်ခင်းလေ့ရှိသည်။ ချိုချဉ်အရသာက နွေရာသီကို ကိုယ်စားပြုနိုင်ကြောင်း သူ ခံစားမိသည်။ဒါက အကိုက်ညီဆုံး ဖော်ပြချက်ဖြစ်သည်။

[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: အား… ဒီအဖွင့်စကားက မတရား ရင်းနှီးနေတယ်။ တင်ဆက်သူကို ဒူးထောက်ခစားပါတယ်]

[မြောင်မြောင်က တင်ဆက်သူ လုပ်သမျှ ဟင်းတိုင်း ကြိုက်တယ်: အား…. စောင့်လိုက်ရတာ နောက်ဆုံးတော့ တွေ့ရပြီ]

[ ပီတိပြုံးနဲ့ တုန်ခါသံကို နားဆင်နေသူ:  လေးရာသီ ပွဲတော် ဟုတ်လား။ နားထောင်ရတာ အဆင့်အတန်းမြင့်မဲ့ပုံပဲ]

[ကုထျန်းထဲ့: အပေါ်က တစ်ယောက်နဲ့ အတွေးတူတယ်။ အဓိပ္ပါယ်ကို ငါ မသိပေမဲ့ နားထောင်လို့တော့ ကောင်းသားပဲ]

[ ဆယ်ရက်ကို သုံးသက်: ဟီးဟီးဟီး ငါက ေ၇ှးဟောင်း မြေကမ္ဘာခေတ်က သမိုင်းကို လေ့လာနေတဲ့သူဆိုတော့ ရှင်းပြပါရစေ၊စား..ပွဲဆိုတာ  မိသားစုအတူ ဝိုင်းထိုင်ပြီး  ဟင်းပွဲအမျိုးမျိုးကို ြ ပင်ဆင် စားသောက်ကြတာမျိုးကို ပြောတာ။ ဒါပေမဲ့ ငါ ဒါကို အတန်းထဲမှာပဲ ကြားခဲ့ဖူးတာ၊ တကယ်မြင်ဖူးရမယ်လို့ မထင်ထားဘူး]

[ခရမ်း:  ငါလည်း ရှေးဟောင်း မြေကမ္ဘာ သမိုင်းကို လေ့လာနေတာပဲ။   ဒါပေမဲ့ မန်ချူးဟန် အင်ပါယာ စားသောက်ပွဲ အကြောင်းပဲ ကြားဖူးတယ်။ လေးရာသီ..ဘာဆိုလားကို တစ်ခါမှ မကြားဖူးပါလား]

သာမန် နှုတ်ဆက်ရုံမျှဖြင့် ပွက်လောရိုက်သွားသည်။ သို့သော် ယခုအချိန်ကား ပုံမှန် တိုက်ရိုက်ထုတ်လွှင့်မှုနှင့် မတူပေ။ ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်ခြင်းမ ျက်ကပ်မှန်ကို တပ်ထားသော်လည်း  ကြည့်ရှုသူများက သူ့နေရာမှ သ ူ လုပ်သမျှကို ရှင်းလင်းစွာ မြင်နိုင်ရုံအတွက်သာ ရည်၇ွယ်ပြီး သူက ကွန်းမန့်များကို မြင်ရမည် မဟုတ်ပေ။ ထို့ကြောင့် မကောင်းသည့် မှတ်ချက်များပါလျှင်ပင် သူ၏ လုပ်ဆောင်မှုများကို သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now