၁၄

4.9K 924 74
                                    

အပိုင်း ၁၄ ကျန်းပင်ကောစစ်

အိမ်တွင် နေပြီး ကောင်းကောင်းစား ကောင်းကောင်း အိပ်ပြီး ယွမ့်ထန်း အားမွေးနေခဲ့သည်။သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက များစွာ တိုးတက်လာသည်ဟု သူ ခံစားရသည်။

အာဟာရပြည့်ရန် သူ အသားများများ စားနိုင်နေလေပြီ။ ရက်ပေါင်းများစွာ ပေါ့ပါးသည့် စားစရာတို့သာ စားခဲ့ရသဖြင့် သူ အလွန် ဆာလောင်မွတ်သိပ်နေခဲ့ပြီ။ သူ သူ့ကိုယ်သူ အသားများများ စား၇န် တိုက်တွန်းချင်နေသည်။

ယွမ့်ထန်းသည် အလင်းဦးနှောက်ကို ဖွင့်ကာ စူးရှစွာဖြင့် ရှော့ပင်းဆိုက်ထဲ မွှေနေတော့သည်။

သူက ဝက်ဗိုက်သားများများ ဝယ်လိုက်သည်။ အသားများသော အရိုးပိုင်းတွေနှင့် ကျောက်ဖရုံသီး၊ ဂျုံ၊ ဟင်းခတ်မှုန့်တို့ကို ဝယ်ကာ အသားနှပ်ခေါက်ဆွဲလုပ်ရန် ကြံစည်ထားသည်။ အရိုးကို ပြုတ်ရည်လုပ်မည်။ ထိုပြုတ်ရည်သည် ခေါက်ဆွဲအတွက် အသုံးဝင်သည့်အပြင် ကယ်လ်ဆီယမ်ဓာတ် အပြည့်ရသဖြင့် သူ့အတွက် အာဟာရဖြည့်ပြီးသားဖြစ်သည်။ ကျောက်ဖရုံကို ရေထဲ စိမ့်ဝင်အောင်လုပ်ပြီး စွပ်ပြုတ်ဆက်လုပ်ရမည်။

သို့ရာတွင် အရိုးကို နှစ်နာရီသို့ သုံးနာရီခန့် ပြုတ်မှသာ အရသာကောင်းမည်ဖြစ်သည်။ ထို့ကြောင့် ညစာမှသာ အသားနှပ်ခေါက်ဆွဲ စားရန် ဆုံးဖြတ်လိုက်သည်။ နေ့လည်စာကိုမူ လွယ်ကူတာလေး လုပ်လိုက်မည်။

ထို့နောက် သူ မနက်စာကို ကျန်းပင်ကောစစ်သာ စားရန် ဆုံးဖြတ်လိုက်သည်။ဒါက ယခင်ဘဝတွင်ဆိုလျှင် မနက်စာအဖြစ် အလွန် ကျော်ကြားလေပြီး သူကလည်း ထိုနာမည်ကြားသည်နှင့် သားရည်ကျသည်။သူက ပြောင်းဖူး၊ ဆလပ်ရွက်၊ အမဲသား မိုးခိုသားနှင့် ကြက်ဥတို့ ဝယ်လိုက်သည်။သူ ပဲပိစပ်တွေ တွေ့သဖြင့် တစ်ပေါင်ဝယ်လိုက်သည်။ ဒါကို ပဲနို့လုပ်သောက်ရမည်။ မနက်ခင်းတွင် မွှေးပျံ့သည့် ခပ်စိမ့်စိမ့် အရသာ၇ှိသော ပဲနို့သာ သောက်လိုက်မည်ဆိုလျှင် တစ်နေ့လုံး ခံစားချက်ကောင်းနေပေလိမ့်မည်။ သည်မနက်တော့ မမီနိုင်တော့ပေ။ သူ ညမှသာ သောက်ရတော့မည်။ သူ ဝယ်တာ များသွားသဖြင့် ၆၀၀ပင် ပေးလိုက်ရသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now