၂၄

4.4K 928 29
                                    

အပိုင်း ၂၄

“ မင်း သေချာရဲ့လား”
စစ်ဆေးသူ ခေါင်းဆောင်က တုန့်ဆိုင်းစွာ မေး၏။

“ ကြယ်လေးပွင့် စာမေးပွဲက ထင်သလောက် မလွယ်ဘူးနော်”

“ မင်း စာမေးပွဲအောင်ဖို့ ပါ၀င်ပစ္စည်းအမျိုးနှစ်ဆယ်ကို သုံးရုံတင်မဟုတ်ဘူး၊ ဟင်းဆယ်ပွဲ အနည်းဆုံး ချက်ပြရမှာ။ အခက်ဆုံးအချက်က စစ်ဆေးသူတွေက ငါတို့အဖွဲ့အစည်းကတင် မဟုတ်ဘူး၊ ပြည်သူတွေအားလုံး ပါ၀င်နေမှာပဲ။ “

ကြယ်တစ်ပွင့်မှ သုံးပွင့်အထိ စစ်ဆေးမူအား ၀က်ဆိုက်တွင် ပြန်လည်တင်ပေးသည့်တိုင် ထိုအချိန်တွင် အရာအားလုံး ဆုံးဖြတ်ပြီးလေပြီ။ သို့ရာတွင် ကြယ်လေးပွင့်ကား အင်ပါယာအတွက် အရေးကြီးလှရာ ဘက်လိုက်ခြင်း၊ လာဘ်စားခြင်း စသဖြင့်တို့အတွက် အစည်းအရုံး၏ ၀က်ဆိုက်တွင် တိုက်ရိုက်ထုတ်လွှင့်ပြီး စစ်ဆေးမှု ခံယူရသည်။ အဆုံးအဖြတ်ကို ပရိတ်သတ်ထံမှ ခံယူရမည်ဖြစ်ကာ မဲ ထက်၀က်ကျော်ရလျှင် အနိုင်ရသည်ဟု သတ်မှတ်သည်။အချို့သော် စာဖိုမှူးများက အဆင့်လေးသို့ တက်ချင်လှသော်လည်း မသမာနည်းဖြင့် မဲများ ၀ယ်ယူချင်လျှင်ပင် ကြည့်ရှုသူ သန်းရာကျော်အတွက် တတ်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် သည်နည်းက မျှတသည်ဟု ဆိုခြင်းဖြစ်သည်။

ထို့အပြင် ကြယ်လေးပွင့်အဆင့်ဟာ အင်ပါယာအတွက် အလွန် အဖိုးတန်လှသည်။ မည်သူကမျှ ပြည်သူ ထက်၀က်ကျော်၏ မဲကို ၀ယ်နိုင်လိမ့်မည် မဟုတ်ပေ။


“ ကဲ မင်း နားလည်ပြီလား။ အမျိုးအစားနှစ်ဆယ်ကျော်အတွက် ဟင်းပွဲ ဆယ်ပွဲ လုပ်ရမယ်ပဲဆိုပါစို့၊ မီနူးလုပ်ဖို့အချိန်က လိုဦးမယ်။ အခုဆိုရင် လေးနာရီ ထိုးနေပြီ။ တိုက်ရိုက်ထုတ်လွှင့်ရဦးမှာဆိုတော့မင်းအနေနဲ့ ပြင်ဆင်ဖို့အချိန် မရနိုင်တော့ဘူး။ဒီတော့ ပြန်ပြီးရက်နည်းနည်းလောက် လေ့ကျင့်လိုက်ပါ။ ပြီးမှ ရက်ချိန်းသတ်မှတ်ပြီး ပြန်လာခဲ့လိုက်ပါ”
အားလုံး ထိုစကားကို သဘောတူကြသည်။

  ကြယ်လေးပွင့်အဆင့်အတွက် ပါ၀င်ပစ္စည်းကို ကျပန်းရွေးချယ်မဟုတ်ပေ။ အစည်းအရုံးက ထိုအတွက် ကြိုတင် ပြ င်ဆင်ထားလေ့ရှိသည်။ ဟင်းပွဲ ဆယ်ပွဲအထက် ြ ပြင်ဆင်ရမည်ဖြစ်သဖြင့် ပွဲတော်တစ်ခုစာ ချက်ပြုတ်ရမည်ဖြစ်သည်။ ထို့ကြောင့် မီနူးက အဓိကဖြစ်သည်။ ထို့အပြင် ချက်ရုံတင်မဟုတ်ဘဲ ကြည့်ရှုသူ ပရိတ်သတ်လည်း မြည်းစမ်းမည်ဖြစ်သဖြင့် ပြီးပြည့်စုံနေရပေမည်။ ထို့ကြောင့် နာရီများစွာ ကြာမည်ဖြစ်ရာ ယွမ့်ထန်း အချိန်မီ ပြင်နိုင်မည် မဟုတ်ပေ။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now