၅၃

2.7K 442 9
                                    

အပိုင်း ၅၃

နောက်တစ်နေ့ မနက်စောစောတွင် ယွမ့်ထန်းက ကားပျံကိုခေါ်ကာ အင်ပါယာ ပြည်နယ် အဆောက်အဦသို့ ထွက်ခဲ့သည်။ အင်ပါယာပြည်နယ် အဆောက်အဦသည် ကြယ်ပြာအင်ပါယာ၏အမြင့်ဆုံး ဖြစ်သည့်အပြင် အုပ်ချုပ်ရေးစင်တာလည်း ဖြစ်သည်။ ထိုအဆောက်အဦသည် ကြယ်ပြာအင်ပါယာကိုပင် ကိုယ်စားပြုနိုင်ကာ လူထွားကြီးများကို ထိုနေရာတွင် ဧည့်ခံမည်ဟု ဆုံးဖြတ်ခြင်းက ထိုမျိုးနွယ်အား မည်မျှအလေးထားကြောင်း သိသာ စေလေသည်။

စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသည့်တိုင် ထိုနေရာသို့ရောက်သွားချိန်တွင် ယွမ့်ထန်းက အလွန်အံ့သြခဲ့ရလေသည်။ သူအနေနှင့်ထိုမျှမြင့်ပြီး ခမ်းနားသော အဆောက်အဦမျိုးကို တစ်ကြိမ်သော်မျှ မမြင်ဖူးချေ။ စာပေထဲတွင် အသုံးများသော တိမ်စိုင်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်မတတ် ဆိုသည့်အတိုင်း အလွန်မြင့်မားကာ သူ၏ ယခင်အတိတ်ဘဝမှ မည်သည့်အဆောက်အဦထက်မဆို မြင့်လေသည်။

အစိုးရဝန်ထမ်းများစွာက ဝင်ချည်ထွက်ချည်ရှိနေကြသည်။ အထပ်ထပ်သော ဂိတ်များကို ကျော်ဖြတ်ပြီးနောက် ယွမ့်ထန်းက လူအုပ်၏နောက်မှ လိုက်ကာ အထဲသို့ ဝင်သွားလိုက်သည်။

အင်ပါယာ ပြည်နယ်အဆောက်အဦသို့ ဝင်ခွင့်ရရန် ကျော်ဖြတ်ရသည့် လုံခြုံရေးနှင့် စစ်ဆေးရေးများက သူက ထင်ထားသည်ထက ်တင်းကြပ်နေသည်။ တစ်ဘက်ဆီတွင် အဝင်အထွက် ဂိတ် လေးဂိတ်ဆီ ရှိနေသည့်အပြင် တစ်ဂိတ်ချင်းစီတိုင်းတွင် စစ်ဆေးရေးများရှိသည့် တံခါးငယ် တစ်ဆယ့်ခြောက်ခုကို ကျော်ဖြတ်ရသေးသည်။ ထိုတံခါးငယ်လေးများမှ တစ်ယောက်ချင်းစီ ကျော်ဖြတ်ရသည်။

သူက တံခါးငယ်လေးကို ဖြတ်ချိန်တွင် သူ၏လက်ဖဝါးကို စကန်စက်ပေါ်တင်လိုက်သည်။ သူ၏ ဇီဝအချက်အလက်များကို အတည်ပြုပြီးနောက် အလိုအလျောက်ပွင့်သောတ ံခါးက ပွင့်သွားကာ ရှေ့ဘက်တွင်ရှိသည့် အကန့်ငယ်တစ်ခုကိုမြင်လိုက်ရသည်။ အနောက်မှ တံခါးကလည်းအ လိုအလျောက် ပိတ်သွားသည်။ သူ၏ကိုယ်ပေါ်သို့ အလင်းတန်းများဖြာကျလာကာ အသေးစိတ် စကန်ဖတ်ပြီး သူက သံသယရှိစေသော ပစ္စည်းများ သယ်ဆောင်လာခြင်းမရှိကြောင်း သေချာမှ ရှေ့ဘက်ရှိ တံခါးက ပွင့်သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now