၅၄

2.3K 461 4
                                    

အပိုင်း ၅၄ တည်ခင်းဧည့်ခံကျွေးမွေးသော အခမ်းအနား (၁)

လူထွားမျိူးနွယ်၏ ကြယ်သင်္ဘောက ကြယ်ပြာအင်ပါယာသို့ ညနေ ခြောက်နာရီတွင် ဆိုက်ရောက်လာသည်။ ကောင်းကင်မှ ဆင်းသက်လာချိန်တွင် အလွန်ကြီးမားကြောင်း မြင်ခဲ့ရလေသည်။ ထိုကြောင့် သူတို့၏ရောက်လာခြင်းကို လူအများက သတိမပြုမိရန် ခက်ခဲလေသည်။ အစိုးရမှ တရားဝင် ကြေညာချက်နှင့်အတူ အင်ပါယာရှိ လူတိုင်းက လူထွားမျိုးနွယ်များ လာရောက်လည်ပတ်ကြောင်း သိသွားကြသည်။

အင်ပါယာ၏ လူထုက လူထွားမျိုးနွယ်အပေါ် အမြင်ကောင်းရှိသည်။ အကြောင်းမူကား နှစ်ထောင်ကျော် ရှည်လျားသော စစ်ပွဲတွင် ရန်သူများကို ရင်ဆိုင်သည့်အခါ လူထွားမျိုးနွယ်က အင်ပါယာ၏ စစ်တပ်နှင့်အတူ ရှေ့တန်းတွင် ရင်ဆိုင် ကာကွယ်ခဲ့လေသည်။

လူထွားမျိုးနွယ်၏ ဂြိုလ်တွင် ရှားပါးသော သတ္ထုအမျိုးအစား တစ်မျိုး ထွက်သည်။ ထိုသတ္ထုက ပေါ့ပါးကာ အလွန်အမင်း မာကြောသည်။ ကြယ်သင်္ဘောများဖြစ်စေ မာရှ်(မက္ခ)များ လုပ်ရာတွင်ဖြစ်စေ အငြင်းပွားစရာမရှိအောင် အားသာချက် ဖြစ်လာသည်။ တိုက်ဆိုင်သည်လားမသိ သူတို့၏ဂြိုလ်က မကြာခဏ ပစ်မှတ်ထားခံရကာ တိုက်ခိုက်ခံရသည်။ သူတို့က ပြောသော စကားများအရ ရန်သူ၏ ရန်သူက မိတ်ဆွေဖြစ်သည်ဟု ဆိုသည်။ အင်ပါယာရှိ လူများကလည်း အလွန်အမင်း ဉာဏ်ကောင်းကြသည်။ သူတို့က ကြယ်သင်္ဘောများနှင့် မာရှ်များ တည်ဆောက်လုပ်ခြင်းတွင် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်များကို လုပ်ဆောင်ခဲ့သည်။ လူထွားများက တိုက်ခိုက်ရာတွင် အလွန်တော်သော်လည်း နည်းပညာပိုင်းတွင် အားနည်းသည်။ လက်ဆပ်ခြင်းက ကောင်းကင်ကိုပင် တည်ထောင်နိုင်သည်။ ထိုသို့ဖြင့် မျိုးနွယ်နှစ်ခုက သဘောတူညီမှု ရခဲ့သည်။ လူထွားမျိုးနွယ်က တိုက်ခိုက်အားနှင့် သတ္ထုများ ထောက်ပံ့ပေးပြီး လူသားမျိုးနွယ်က နည်းပညာနှင့် စစ်ရေးပရိယာယ်များ ချမှတ်ပေးသည်။ ထိုသို့ဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော သဘောတူညီ ပူးပေါင်းမှု ဖြစ်လာသည်။

သည်တစ်ကြိမ်တွင် လူထွားမျိုးနွယ်က ရှားမီဆိုသည့် အင်ပါယာ၏ ပန်း( အလှဆုံး၊ အတော်ဆုံးဆိုတာမျိုးကို ရည်ညွှန်းတာပါ) ၏ နောက်ဆုံးဖန်တီးထားသည့် အက်စ်အဆင့် မာရှ်အတွက် ရောက်လာခြင်းဖြစ်သည်။ နှစ်ဘက်လုံးက မာရှ်က မည်မျှအရေးကြီးကြောင်း နားလည်ထားကြသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now