4.8K 936 117
                                    


အပိုင်း ၉

သူ ပုဇွန်ကို ထည့်ပြောလိုက်သည်နှင့် ခံစားချက်က ကောင်းလာသည်။ သူက ပုဇွန်အရှင်တွေပါသည့် ဇလုံကို ထုတ်ယူလိုက်သည်။ အထဲတွင် ခွေခေါက်နေသည့် ပုဇွန်၏ စိမ်းပြာရောင် ကိုယ်တွေကို မြင်ရသည်။ ထို့အပြင် ခြေတံရှည်တွေက ပျင်းရိစွာ လှုပ်၇မ်းနေ၏။ယွမ့်ထန်းက ဘေဇင်နားတွင် ထားကာ တစ်ကောင်ချင်းစီ သေချာ ဆေးကြောလေသည်။သူက ကြောက်မက်ဖွယ်ကောင်းသော တစ်ကောင်ကို ထုတ်လိုက်ကာ ညပ်လေးကို ယူပြီး မျက်လုံး အပြူးသားဖြစ်နေသေးသည့် ခေါင်းကို ညပ်ဖြတ်လိုက်သည်။

ထိုအပြုအမူက လူတစ်ယောက်၏ ခေါင်းကို ဖြတ်လိုက်သကဲ့သို့ ခံစားရစေကာ ကြည့်ရှုသူတွေကို မသက်မသာ ဖြစ်စေသည်။ယခင် ဗီဒီယိုတွေကို ကြည့်ဖူးသူတွေဆိုလျှင် တင်ဆက်သူတွင် ကိုယ်ပိုင် စိတ်ကူးရှိမည်ဟု သိကြည်မည်ဖြစ်သော်လည်း မေးမြန်းသူတွေကမူ ရှိသေးပေသည်။

သို့သော် ယွမ်ထန်းက သူတို့ကို အာရုံမစိုက်လေဘဲ ပုဇွန်ခေါင်းတွေကိုသာ ဆက်ညပ်နေလိုက်သည်။ထို့နောက် ခေါင်းတွေကို အမှိုက်ပုံးထဲ ထည့်လိုက်သည်။ ထိုအချိန်အတောအတွင်းတွင်ပင် တိုက်ရိုက်ထုတ်လွှင့်မှု ချက်ခန်းက မထိန်းချုပ်နိုင်သည့် အဆင့် ရောက်သွားသည်။

[ID3838438: ဒါက ဘယ်လို တိုက်ရိုက် ထုတ်လင့်တာလဲ။ ဘယ်လို ချက်ပြုတ်တာမျိုးက ဒီလောက် သွေးလွှမ်းစေတာလဲ။ ပလက်ဖောင်းက ဒါကို မထိန်းချုပ်တော့ဘူးလား]

[ အားအရမ်း စိုက်ထားတော့ နားနားနေနေ နေနေတယ်: အမှန်ပဲ။ သူ့ရဲ့ အရင် ဗီဒီယို တစ်ခုမှာဆိုရင် ငါးကို လုပ်လိုက်တာများ ငါ့မှာ အန်ထွက်တယ်။ဒီလို သွေးလွှမ်းတဲ့ ဖြစ်စဉ်တွေပါတဲ့ တိုက်ရိုက် ထုတ်လွှင့်တဲ့ ဗီဒီယိုကို ဘန်းလိုက်သင့်တယ်။ငါတို့ ကလေးတွေကို ဘယ်လိုများ ကြည့်ခွင့်ပြုရမှာလဲ။ နာကျင်ခံစားရအောင် သတ်တာကို နှစ်သက်တဲ့ မကောင်းတဲ့ကောင်တွေ ဖြစ်သွားမယ်မလား]

[ လူအိုကြီး ဂျက်: ဟီးဟီး ကြည့်လိုက်ဦး။ သူက ခေါင်းကို ဖြတ်၊ အရေခွံကို စုတ်၊ ကျောကို ခွဲပြီး အူတွေကို ထုတ်တော့မယ်။ဒါက နှိပ်စက် ညင်းပန်းနေတာပဲ မဟုတ်လား။ ငါ မေးပါရစေဦး ဒီပုဇွန်တွေက မင်း အဘိုး အုတ်ဂူကို သွားဖော်မိလို့လား။ အဲ့ဒိ ဘိုးဘေးကလည်း ဒီလို ဆူပူ သတ်ဖြတ်တာမျိုးကို အားပေးတဲ့သူပဲ ဖြစ်ရမယ်။ ပလက်ဖောင်းကို တောင်းဆိုပါတယ် ဒီအစားအသောက်ချန်နယ်ကို ဘန်းလိုက်ပါ]

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now