၈၂+၈၃

1.5K 254 4
                                    

အပိုင်း ၈၂

“အရှင်မင်းကြီးက သဘာဝထွက်ကုန်တွေအတွက် အကယ်ဒမီသိပ္ပံကို ထောက်ပံံပေးနေတာ အံ့သြစရာ မရှိတော့ဘူး၊ တကယ်ကို အံ့သြစရာ ကောင်းတာပဲ။ စားပြီးသွားတဲ့နောက် ငါ့ရဲ့တစ်ကိုယ်လုံး နွေးထွေးသွားပြီး နေလို့ကောင်းသွားတယ်။ အရသာရှိတဲ့ စားစရာတွေက ရတဲ့ ပျော်ရွှင်မှုကို အားဖြည့်ဆေးတွေက မပေးနိုင်ဘူးပဲ”

“စားကောင်းတယ်ဆိုလို့ ဝမ်းသာပါတယ်”
ယွမ့်ထန်းက ေြ ပာသည။ သူက စားသောက်ပြီးနောက်တွင် ယွမ့်ယွီအတွက် ခေါက်ဆွဲပြင်ဆင်သည်။ ခေါက်ဆွဲသားကို နူးညံ့စေရန် ဂရုထားသည်။သို့မှသာ ယွမ့်ယွီအတွက် အစာချေနိုင်ပေလိမ့်မည်။ ယန်တုရှန်း ကိုလည်း ဟင်းရည်အဖြစ် သုံးလိုက်သည်။ သူ၏ ညီငယ်က သဘောကျမည်မှာ သေချာသည်။

“ကိုယ်က မင်းကို ဆေးရုံလိုက်ပို့မယ်”
ဟော်ယွန်ချန်းက ပြောသည်။

ယခင်ကဆိုလျှင် ယွမ့်ထန်းက ဒုက္ခများမည်ဆိုပြီး ငြင်းလေ့ရှိသည်။ သို့သော်ယခုနောက်ပိုင်းတွင် သူတို့က အလွန်ရင်းနှီးလာပြီး သူကိုယ်တိုင်ကလည်း ဟော်ယွန်ချန်းကို မိတ်ရင်းဆွေရင်း တစ်ယောက်လိ သဘောထားသဖြင့် ငြင်းမနေတော့ဘဲ လက်ခံလိုက်သည်။

-----

“စကားမစပ် ချန်းကော ကျွန်တော် အိမ်ဝယ်ချင်တယ်၊ ချန်းကောက အကြံပေးချင်တာများ ရှိလား”
ဆေးရုံသို့ သွားသည့်လမ်းတွင် ယွမ့်ထန်းက ဟော်ယွန်ချန်းကို မေးလိုက်သည်။

ယွမ့်ထန်း၏ လက်ရှိအိမ်က ဌားထားသော တစ်ယောက်နေ တိုက်ခန်းဖြစ်ရာ တစ်ယောက်ခန်းသာ ပါသည်။ နောက်ပိုင်းတွင် ယွမ့်ယွီက ဆေးရုံမှ ဆင်းလာလျှင် သူနှင့်အတူ သေချာပေါက် လာနေလိမ့်မည်။ မည်သို့ပင်ဆိုစေ တစ်ယောက်ခန်းက သူတို့နှစ်ယောက်အတွက် ကျဉ်းလွန်းသည်။ တိုက်ခန်းဌားခအတွက်မူ နှစ်ကုန်အထိ ပေးချေပြီးသား ဖြစ်သည်။သူက နေရာတိုင်းတွင် ကူရှင်များ ထားကာ ယွမ့်ယွီကို သက်တောင့်သက်သာ ဖြစ်စေမည်ဖြစ်သည်။ နေရာကျယ်လျှင် ယွမ့်ယွီ သွားလာလှုပ်ရှားရ လွယ်ကူလိမ့်မည်။

“ကောင်းပြီ ဖြစ်ချင်တော့ ကိုယ်တို့အိမ်ရာထဲမှာ ရောင်းမယ့် အိမ်အနည်းငယ်ရှိတယ်။ မင်းသာ စိတ်ဝင်စားရင် ကိုယ်က မနက်ဖန်ညမှာ မင်းကိုေ ခါ်သွားပေးနိုင်တယ်”
ဟော်ယွန်ချန်းက ခွင့်ယူထားသည်မှာ ရက်ပေါင်းများစွာ ကြာနေလေပြီ။ ထိုကြောင့် သူကိုယ်တိုင် ကိုင်တွယ်ရမည့် ကိစ္စများစွာက ရှိနေသည်။ သူ့အနေနှင့်မနက်ဖန် မနက်တွင် စစ်တပ်ဌာနချုပ်သို့ သွားပြီး ကိစ္စများကို ကိုင်တွယ်ရမည်ဖြစ်သဖြင့် ယွမ့်ထန်းကို ညနေမှသာ အဖော်ပြုနိုင်တော့မည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now