4.8K 921 90
                                    


အပိုင်း ၅ ဒါက ငါ့ရဲ့ ကြက်ဥကိတ်လေ

ကြယ်ပြာအင်ပါယာ၏ ပထမအဆင့် စစ်တပ်ဌာနချုပ်။
“တပ်ရေးဗိုလ်ကြီးလီ၊ ဗိုလ်ကြီးအတွက် ပါဆယ် ရောက်နေပါတယ်။”

ရုံးခန်း၏ စက်သွယ်ရေးစက်က မြည်လာသည့်အခါ လီခိုင်က တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
“အရမ်းကောင်းတယ်၊ ငါ အဲ့ဒီကို အခုချက်ချင်း ရောက်လာခဲ့မယ်။”

ထို့နောက် သူက ခပ်မြန်မြန်ပင် ရုံးခန်းထဲက ပြေးထွက်သည်။ သူ၏ လမ်းတွင် လူအများအပြားက သူ့ကို နှုတ်ဆက်သည့်တိုင်အောင် သူ ချက်ချင်း အမြန်သာ ပြန်လည်နှုတ်ဆက်ပြီးသည့်နောက် ဓါတ်လှေကားထဲသို့ ဝင်လိုက်သည်။ ထို့နောက် ပထမထပ်သို့ နှိပ်လိုက်လေတော့၏။

လီခိုင်က သည်အင်ပါယာ၏ အငယ်ဆုံးမာရှယ်ဟော်ယွင်ချန်း၏ တပ်ရေးဗိုလ်ကြီး ဖြစ်ပေသည်။ ပြောကြသည်မှာ အရာရှိတွေထဲတွင် အဆင့် ၇ စာရင်းဝင်သည့် ဝန်ကြီး၏ အစောင့်အရှောက်နှင့် အဆင့်တူသည်ဟု ဆိုကြသည်။ သူက မာရှယ်ဟော်၏ တပ်ရေးဗိုလ်ကြီးဖြစ်သည့်တိုင်အောင် သူက ရုံးတွင်းလုပ်ငန်းပိုင်းတွင် တာဝန်ယူရလေပြီး  အလယ်အလတ်အဆင့် အရာရှိတစ်ယောက်လည်း ဖြစ်နေသေးပေ၏။ အခြေစိုက်စခန်းတွင်ဆိုလျှင် သူ၏ အဆင့်အတန်းက မာရှယ်ပြီးလျှင် ဒုတိယအဆင့် လိုက်ပေသည်။

ဓါတ်လှေကားတံခါးက တင်ခနဲအသံနှင့် ပွင့်သွားသည့်အခါ လီခိုင်က ချက်ချင်းပင် ထွက်လိုက်သည်။ ပတ်ဝန်ကျင်းတွင် မည်သူမှ မရှိတော့ပေ။

မည်သို့ပင်ဆိုစေ ပစ္စည်းပို့သည့် ဌာနမှ လူတွေက ဌာနချုပ်ထဲအထိ မဝင်ရဲကြပေ။ ထို့ကြောင့် ဌာနချုပ်မှ ပစ္စည်းအားလုံးကို လက်ခံပေးသည့် လုံခြုံရေးစောင့်ထံတွင်သာ ထားခဲ့ရပေသည်။ သူသည်လည်း ထိုနေရာတွင် သွားယူရမည်ဖြစ်၏။ သူက တည်ငြိမ်စွာဖြင့်ပင် ထိုပစ္စည်းကို သွားယူလိုက်သည်။

လုံခြုံရေးဌာနမှလူတွေမှာ လီခိုင်၏ အေးစက်သော မျက်နှာကို သူတို့၏ တံခါးဝတွင် မြင်လိုက်သည့်အခါ ချက်ချင်းပင် ပစ္စည်းကို ကမ်းပေးလာသည်။ လီခိုင်ဘာမှ မပြောရသေးခင်အချိန်မှာပင် သူတို့က ပြောလာ၏။
“တပ်ရေးဗိုလ်ကြီးလီ  ပစ္စည်းက ဒီမှာပါ။”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now