၈၇+၈၈+၈၉

2.9K 271 25
                                    

အခန်း(၈၇)

ခုနှစ်ပွဲမြောက် ဟင်းလျာက ကြက်အစပ်ကြော်ဖြစ်သည်။ တောက်ပကာ နီရဲသော ငရုတ်ပွအနီတောင့်များနှင့် ရွှေရောင်ကြက်သားက ချလာသည်နှင့် လူအများ၏အာရုံကို ဆွဲဆောင်သွားသည်။ ဟော်ညီအစ်ကို နှစ်ယောက်လုံးကလည်း ထိုဟင်းကို ချက်ချင်းလိုလို မှတ်မိလိုက်ကြသည်။ တိုက်ရိုက်ထုတ်လွင့်မှု ရပ်နားထားသော ရက်အနည်းငယ်အတွင်းတွင် ယွမ့်ထန်းက ပုံမှန်အတိုင်း ဆက်ချက်နေသေးသည့်အတွက် သူက သူချက်သည့်အခါ ဟော်ညီအစ်ကို နှစ်ယောက်ထံ ဝေစုများ ပို့လေ့ရှိသေးလေသည်။ သူတို့၏ စိတ်အတွင်းတွင် ထိုဟင်းလျာ၏ ကျွတ်ရွမှုနှင့် နူးညံ့မှု ရောစပ်နေသော အသားဓာတ်အပြင် အစပ်ဓာတ်ဟာလည်း စိတ်ထဲတွင် စွဲထင်နေသေးလေသည်။ ထို့ကြောင့် ဟင်းချလာသည်နှင့် နှစ်ယောက်လုံးက အရသာခံရန် မစောင့်နိုင်ကြတော့ချေ။

အခြားဧည့်သည်များကလည်း ယဉ်ကျေးမနေကြချေ။ သူတို့၏ တူများက မိုးရွာသကဲ့သို့ ဟင်းခွက်ထံ ဆက်တိုက် ရောက်နေကြတော့သည်။

ရှစ်ပွဲမြောက်ဟင်းကမူ နှစ်ထပ်ချက်ဝက်သားဖြစ်သည်။ ဝက်သားပြုတ်ဟာ ငရုတ်ပွတောင့်အနီများ၊ ကြက်သွန်ဖြူနှင့် အမျိုးမျိုးသော ပါဝင်ပစ္စည်းများ ပေါင်းရောနှောကာ ချက်ထားခြင်းဖြစ်သည်။ အသားများများနှင့် အဆီအနည်းငယ်ပါသော ဝက်ဗိုက်သားကို ပါးလျအောင် လှီးထားသည်။ အဆီပါသည့် ဘက်ပိုင်းက ဖောက်ထွင်းမြင်ရမတက် ကြည်လင်သကဲ့သို့ ဖြစ်နေချိန်တွင် အသားဘက်ပိုင်းကမူ ငရုတ်ဆီနှင့် အချဉ်တို့ ရောနှောထားသောကြောင့် တောက်ပကာ ရွှေရောင်သမ်းနေပြန်သည်။ ထိုဟင်းလျာထဲတွင် ပါဝင်သော အစပ်ဓာတ်နှင့် နဂိုဟင်း၏ အရသာဓာတ်က ရောနှောလိုက်ချိန်တွင် အီသည့်အရသာကို မခံစားရဘဲ စား၍အလွန်ကောင်းတော့သည်။ ထို့ကြောင့် ကြည့်ရှု့သူများကြား ကျော်ကြားသွားပြန်သည်။

[ပျံလွှားငှက်လေး ပျံနေပြီ.. ဒါက ဝက်သနီချက်လို အရသာ အရမ်းမပြင်းပေမဲ့ စားလို့အရမ်း ကောင်းတာပါပဲ]

[မည်းမှောင်နေသော စိတ်ထားနဲ့ နတ်ဆိုးပြာ.. ထန်းထန်းက အစပ်ဟင်းတွေကို တအားကြိုက်တဲ့ပုံပဲ။ ဟင်းတိုင်းက နီရဲနေတာပဲ။ ငါ့ရဲ့လျှာကတော့ မီးတောက်နေပြီ]

You've reached the end of published parts.

⏰ Last updated: Aug 20, 2023 ⏰

Add this story to your Library to get notified about new parts!

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now