၄၃

2.5K 397 4
                                    

အပိုင်း ၄၃ အခြေအနေ ပြောင်းပြန်လှန်ခြင်း

[ ဆားစိမ်ငါးကလည်း နဂိုက ငါးတစ်ကောင်ပါ : ဟားဟားဟား ငါ ရယ်ရလွန်းလို့ သေတော့မယ်။ မျက်နှာ ဖြတ်ရိုက်တဲ့ အကွက်တွေက မြန်လိုက်တာ မုန်တိုင်းလိုပဲ ]

[ ညလယ်ခေါင်မှာ ရေနွေးထသောက်နေတဲ့ ငါ : အကယ်ဒမီသိပ္ပံရဲ့ မပြောမဖြစ်တဲ့ အမှန်တရားက ကြာရှည်လွန်းခဲ့တယ်]

[နှလုံးအားနည်းတဲ့ အရူး: အကြံပေး ဟုတ်လား။ သောက်ကျိုးနည်း တင်ဆက်သူတစ်ယောက်က ဘယ်တုန်းက အကယ်ဒမီက အကြံပေးဖြစ်သွားတာလဲ၊ ဘာလို့ ငါက ဘာမှ မသိရတာလဲ]

[ခန့်ညားတဲ့ သိုး :တင်ဆက်သူမှာ နောက်ခံ ဘယ်နှမျိုးတောင် ရှိနေတာလဲ။ ငါ့ကိုယ်ငါတောင် ပရိတ်သတ် အတု လို့ သံသယ ၀င်လာပြီ]

အကယ်ဒမီသိပ္ပံမှ ကြေညာချက် ထုတ်ပြန်ပြီးသည်နှင့် အားလုံး၏ အမြင်က ယွမ့်ထန်းဘက ်အားသာသွားသည်။ အကယ်ဒမီသိပ္ပံသည် အင်ပါယာကြီး စတင် တည်ထောင်ချိန်ကတည်းက တည်ရှိခဲ့သည်။အင်ပါယာကြီး ဖွံ့ဖြိုးတိုးတက်စေရန် ဦးဆောင်မှုတွင်လည်း အဓိက ပါ၀င်ခဲ့သည့်အပြင် အကယ်ဒမီသိပ္ပံကြောင့် အင်ပါယာကြီးအပါအ၀င် ပြည်သူများကလည်း အကျိုးအမြတ်များစွာ ရခဲ့သည်။ထိုကြောင့်ပြည်သူ၏ ရင်ထဲတွင် အကယ်ဒမီသိပ္ပံက အထွတ်အမြတ်ဆန်သော တည်ရှိမှုမျိုးဖြစ်သည်။

ယခုအခါ ယွမ့်ထန်းက အကယ်ဒမီသိပ္ပံ၏ အထောက်အပံ့ အပြည့်အ၀ ရထားကြောင်း သိသွားကြသည့်အပြင် သူ၏ နေရာကလည်း အလွန်မြင့်နေသေးသည်။ထိုကြောင့် လူအများ၏ မကောင်းမြင်မှုများက ပျောက်ကွယ်သွားသည်။
ဘယ်သူက လျို့၀ှက်ချက် မရှိလို့လဲ၊ တစ်ခု နှစ်ခုလောက် ရှိတာက ဘာဖြစ်လဲ။ယွမ့်ထန်းရဲ့ နောက်ခံနဲ့ စရိုက် တစ်ခုခုကသာ ပြဿနာရှိနေရင် အကယ်ဒမီသိပ္ပံက မသိဘဲ နေမလား၊ ဒီလိုဆိုရင် ဘာလို့ ပျိုးထောင်နေမှာလဲ။ အခုက သူက ဒီနယ်ပယ်မှာ ပါရမီပါတာကို သိသွားပြီး တမင် ပျိုးထောင်ပေးခဲ့တာ သိသာနေတာပဲ။

နောက်ပိုင်း ဆက်တိုက်တက်လာသော ပိုစ့်များက ယွမ့်ထန်းအပေါ် အမြင်ကို အပြည့်အ၀ ပြောင်းလဲသွားစေခဲ့သည်။ အကယ်ဒမီသိပ္ပံက အချဉ်များ ရရှိတော့မည့်အကြောင်း ကြေညာပြီးနောက်တွင် လှူးဒါန်းမှု စာရင်းကိုလည်း ထုတ်ပြန်လာသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now