၄၁

3.9K 659 12
                                    

အပိုင်း ၄၁

ထိုအချိန်က သူက အသက် ၂၆ နှစ်သာလျှင်ရှိ​သေး သည်။ သူ၏ထူးချွန်သော ရုပ်ရည်ကြောင့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုမှ ဝန်ထမ်းများနှင့်ဆက်သွယ်မိသွားသည်။ သူ အရွယ်မရောက်ခင်ကတည်းကသူ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ နှစ်နှစ်တာ လေ့ကျင့်ပေးပြီး‌နောက်တွင် တရားဝင်ပွဲဦးထွက်နိုင်ခဲ့သည်။ သေးငယ်သော ဇာတ်ကောင်ကာရိုက်တာများမှ တစ်ဆင့် တဖြည်းဖြည်းချင်းအရန်ဇာတ်ကောင်များအထိ တိုးမြှင့်လာနိုင်ပြီးနောက်တွင် အချိန် နှစ်နှစ်၊ သုံးနှစ်ခန့်သာလျှင်ယူပြီး အဓိကဇာတ်လိုက်နေရာသို့ရရှိခဲ့သည်။ ထိုအချိန်အတောအတွင်း ကြုံဆုံခဲ့ရသည့် ခက်ခဲကြမ်းတမ်းမှုများအားလုံးကို မှတ်တမ်းတင်ထားသေး၏။ ဟော်ယန်ချန်းက ယွမ့်ထန်းက လစဉ်ပေးပို့နေခဲ့သော အကောင့်များအကြောင်း စုံစမ်းစစ်ဆေးရန်ကြိုးစားခဲ့သည်။ သို့သော် အင်ပါယာက ပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အလေးအနက်သဘောထားသည့်အတွက် တင်းကြပ်စွာပိတ်ပင်ထားလေရာ အကောင့်များ၏ အတည်ပြုမှု ကိုယ်ရေးအချက်အလက်များ အားလုံးက လျှို့ဝှက်ချက်ဖြစ်နေခဲ့သည်။ မာရှယ်တစ်ယောက်ဖြစ်နေသည့်တိုင်အောင် လေးနက်သောအကြောင်းပြချက်မရှိလျှင် ထိုသတင်းအချက်အလက်များကို မရနိုင်ချေ။ သူက သူ၏အာဏာကို အသုံးပြုနိုင်သော်လည်း သူက ထိုသို့မလုပ်ချင်ခဲ့ချေ။ ထို့ကြောင့် ဟော်ယွန်ချန်းက ယွမ့်ထန်း၏ငွေလွှဲပြောင်းပေးသည့် မှတ်တမ်းများကိုသာလျှင် စုံစမ်းစစ်ဆေးနိုင်ခဲ့၏။ ထိုမှတ်တမ်းများက လွန်ခဲ့သော ၁၅ နှစ်ခန့်သို့ ခြေရာခံနိုင်ခဲ့သည်။

ထိုအချိန်က သူက လူသစ်တစ်ယောက်မျှသာ ဖြစ်နေခဲ့သေး၏။ ပို၍ ဆိုးသည်မှာ  သူက ရှာ‌‌ဖွေ၍ရလာသမျှအားလုံးနီးပါးကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ အများအမြင်တွင် သူက ပြောင်မြောက်ထူးချွန်သော ရုပ်ရှင်ဧကရာဇ်တစ်ယောက် ဖြစ်နေခဲ့သော်လည်း သည်နှစ်အတောအတွင်း သည်လိုသေးငယ်သည့် တစ်ယောက်ခန်းလေးကိုသာ ငှားရမ်းကာ နေနေခဲ့ရ၏။ ဒါကို လူအများသိသွားလျှင် ငိုချင်စိတ်ပေါက်သွားလောက်သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now