၆၇

1.6K 275 2
                                    

အပိုင်း ၆၇

ဂြိုလ်နံပါတ် ၁၉ က မြေကမ္ဘာနှင့်တူသော ဂြိုလ်တစ်ခုဖြစ်သည်။ အာကာသ အပြင်ဘက်မှ ကြည့်မည်ဆိုလျှင် အပြာရောင်ကိုသာမြင်နိုင်ပြီး မြေကမ္ဘာ၏ အစိမ်းရောင်နေရာများတွင်မူ မီးခိုးရင့်ရောင်က အစားထိုးထားသည်။ သင်္ဘောပေါ်တွင် ဂြိုလ်နံပါတ် ၁၉ အကြောင်း မိတ်ဆက်ကိုလည်း ကြားခဲ့ရသေးသည်။ ပြောကြသည်မှာ ထိုဂြိုလ်၏ ၈၈ ရာခိုင်နှုန်းကို ရေများက ဖုံးလွှမ်းနေပြီး ကျန်သောကုန်းမြေများက တောင်တန်းများဖြစ်သည်ဟုဆိုသည်။ ထိုဂြိုလ်တွင် ရှားပါးပြီး နေထိုင်ရန် သင့်တော်သောကြောင့်သာမဟုတ်လျှင် မည်သူကမျှ ထိုမျှချောင်ကျပြီး ခေါင်သောနေရာမျိုးတွင် နေထိုင်ကြလိမ့်မည် မဟုတ်ချေ။
အာကာသသင်္ဘောထံမှ ဆင်းသက်လိုက်ပြီးနောက်တွင် ယွမ့်ထန်းကလည်း ဂြိုလ်နံပါတ် ၁၉ ၏ ချောင်ကျမှုနှင့်ဆင်းရဲမှုကို ခံစားလိုက်ရသည်။ ပထမဦးဆုံးအနေနှင့် ကြယ်ဆိပ်ကမ်းက အဓိကကြယ်မြို့တော်ထက် အလွန်သေးငယ်နေသည်။ အဓိကကြယ်မြို့တော်၏ကြယ်ဆိပ်ကမ်းတွင် အတိတ်က ပထမအဆင့်မြို့များ၏ နိုင်ငံတကာလေဆိပ်များကဲ့သို့သော အနေအထားအထိ အဆင့်မြင့်လေပြီး ဂြိုလ်နံပါတ် ၁၉မှ ကြယ်ဆိပ်ကမ်းကမူ ယခင်ဘဝမှ တတိယအဆင့်မြို့များ၏ သေးငယ်သော ရထားဘူတာရုံများကဲ့သို့ဖြစ်နေကာ လူအနည်းငယ်ကိုပင်မြင်ရပြီး ကန္တာရကဲ့သို့ပင် ခြောက်ကပ်နေတော့သည်။

“သွားစို့၊ အချိန်မရွေး ကိုယ်တို့ကို လိုက်ပို့ပေးနိုင်မယ့် ကားပျံရှိမှာ မဟုတ်ဘူး၊ ဒီတော့ လူတွေကို ကြိုစီစဉ်ပြီး လာခေါ်ခိုင်းထားတယ်”

ဟော်ယွန်ချန်းက သူ့ကိုပြောလာပြီးနောက် အလိုအလျောက် လက်ကိုလာ ကိုင်သည်။

ယွမ့်ထန်းက အနည်းငယ် အံ့ဩသွားပြီးနောက်တွင် သူတို့ရောက်နေသည့်နေရာက မည်သူမျှမရှိကြောင်း သိလိုက်ရသည်။ သူက ရုတ်တရက် မသက်မသာဖြစ်သွား တော့သည်။

“ဒီနေရာက မြေဆွဲအားက ကြယ်မြို့တော်နဲ့ကွာခြားတယ်၊ ကိုယ် ဒီလိုလက်ကို ကိုင်ထားမှ မင်း အဆင်ပြေမှာ”

ဟော်ယွန်ချန်းက ရှင်းပြသည်။

ယွမ့်ထန်းကလည်း ပဟေဠိဖြစ်နေလေသည်။ သူက ဆိပ်ကမ်းခန်းမထဲမှ ထွက်လာပြီးသောအခါ နောက်ဆုံးတွင် ဟော်ယွန်ချန်း၏ဆိုလိုရင်းကို နားလည်သွားရသည်။ ထိုဂြိုလ်မှ မြေဆွဲအားက အတန်ငယ်ပြင်းထန်ပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာအင်အားကလည်း မကောင်းမွန်သည့်အခါ ထိုအလွန်လေးလံသည့် မြေဆွဲအားကြောင့် မတ်တပ်ရပ်ရန်ပင် မနည်းရုန်းကန်နေရလေသည်။ သူက ဟော်ယွန်ချန်း၏အထောက်အပံ့နှင့်သာ ဖြည်းညင်းစွာ ရှေ့ဆက်လျှောက်နေသည်။ ကံကောင်းစွာဖြင့် သူ၏ကိုယ်က ဟော်ယွန်ချန်းလောက် မကောင်းသော်လည်း မျိုးရိုးဗီဇအရ အလိုအလျောက် သည်နယ်မြေနှင့် ကျင့်သားရသွားခဲ့ပြီး နေထိုင်ရကောင်းသွားတော့သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now