၇၄

1.9K 332 13
                                    

အပိုင်း ၇၄

ဟော်ယွန်ချန်းက သူ၏ထူးဆန်းသော မျက်နှာအမူအရာကို ကြည့်ပြီးနောက်တွင် ရေမကောင်းဆိုးဝါး၏ ပုံပန်းသွင်ပြင်ကြောင့် ကြောက်သွားသည်ဟု ထင်သွားသည်။ ထို့ကြောင့် ရိုးရှင်းစွာဖြင့် ခြေထောက်များကို ဆွဲဖြုတ်လိုက်တော့သည်။ ဒီနည်းအားဖြင့် လူများကို တိုက်ခိုက်နိုင်တော့မည် မဟုတ်ချေ။
ထို့နောက် အဝေးသို့ ပစ်လွှတ်လိုက်တော့သည်။
ယွမ့်ထန်းက ပါးစပ်အဟောင်းသား ဖြစ်သွားပြီးနောက် တိတ်ဆိတ်စွာ ပါးစပ်ကို ပြန်ပိတ်လိုက်သည်။

ဂဏန်းခြေထောက်က အရသာရှိတာ မဖြုန်းတီးနဲ့လေ။

သို့ရာတွင် ထိုမကောင်းဆိုးဝါးက ဂဏန်းဘုရင်နှင့် ပုံသဏ္ဍာန်တူနေသော်လည်း ကွာခြားမှုက ရှိနေသေးသည်။ ဥပမာအားဖြင့် ဂဏန်းဘုရင်က အစစ်အမှန် ဂဏန်းမဟုတ်ချေ။ ခြေထောက်ခြောက်ဖက်သာလျှင် ပါပြီး ရေမကောင်းဆိုးဝါးက ရှစ်ဖက်ပါသည်။ ဒီနည်းပညာမြင့်ခေတ်သစ်လောကတွင် ဂဏန်းဘုရင်က ဆင့်ကဲ ပြောင်းလဲသွားသည်လား သူမသိသေးချေ။ ထို့အပြင် ဒါက အဆိပ်ရှိခြင်းရှိမရှိကိုလည်း မသေချာသေးချေ။
နှစ်ယောက်လုံးက တတိယထပ်သို့ ပြန်ပြီး သူ့ကိုလုံခြုံစွာ ပြန်လာကြောင်း မြင်ရမှသာ လူတိုင်းက စိတ်အေးသွားသည်။

“စိတ်မရှိပါနဲ့ အောက်ထပ်က အခြေအနေက ဘယ်လိုရှိလဲ”
လူတစ်ယောက် မေးလာသည်။

“ရေကတော့ တက်နေတုန်းပဲ။ ရေထဲက အဲဒီမကောင်းဆိုးဝါးတွေကတော့ ပိုပြီး ရက်စက်ကြမ်းတမ်းလာတယ်။ သူတို့က ခုခံနိုင်စွမ်းအား မြင့်ရုံတင်မကဘူး တိုက်ခိုက်နိုင်စွမ်းအားကလည်း မနိမ့်ကျဘူး။ ဒါ့အပြင် ပမာဏကလည်း အရမ်းများတယ်။ သင့်တော်တဲ့လက်နက်တွေသာမရှိရင် သူတို့ကို ကိုင်တွယ်ဖို့ခက်တယ်”

ဟော်ယွန်ချန်းက လူအဖွဲ့ကို ကြည့်လိုက်သည်။ အများစုက ဒဏ်ရာရနေကြပြိး တိုက်ခိုက်ရေး အတွေ့အကြုံမရှိသည့် လူအများစု ဖြစ်နေကြသည်။ သူတို့အနေနှင့် ဒီမကောင်းဆိုးဝါးကို မကိုင်တွယ် နိုင်လောက်ချေ။

“စစ်တပ်က စတင်ပြီး ရှာဖွေရေးလုပ်ပြီး ကယ်ဆယ်နေပါပြီ။ ကျွန်တော်တို့ အခုလုံခြုံသွားပါပြီ။ အားလုံးပဲ ရေထဲကို မဆင်းသမျှ ကာလပတ်လုံး အန္တရာယ်မရှိပါဘူး”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now