၂၃

4.2K 882 22
                                    

အပိုင်း ၂၃ သုံးဆင့် ကျော်ခြင်း အပိုင်းခွဲနှစ်

" ကျေးဇူးတင်ပါတယ်"

ယွမ့်ထန်းက ခပ်ယောင်ယောင် ဦးညွတ်လိုက်သည်။

" ကျွန်တော် ကြယ်သုံးပွင့် စာဖိုမှူး စစ်ဆေးပွဲကိုလည်း ဖြေချင်လို့ပါ။ ကျွန်တော် ဘယ်လိုများ ဆက်လုပ်ရမလဲလို့ မေးလို့ရမလား"

" ဘာ"

ကောလောင် ကြောင်အသွားကာအ ခြားစစ်ဆေးသူများနှင့်မျက်လုံးချင်း စကားပြောလိုက်သည်။ ထို့နောက် အလေးအနက် မေး၏။

" မင်း သေချာလား"

ယွမ့်ထန်းက ခေါင်းညိတ်သည်။

" ကျွန်တော်သေချာပါတယ်"

ယခုချက်ချင်း ကြယ်သုံးပွင့်အဆင့် စစ်ဆေးမှုကို အောင်မြင်ရန် ခက်ခဲသော်လည်း လူငယ်လေး၏ ယုံကြည်မှုရှိနေသည့် အမူအယာကို မြင်ရသည့်အခါ ကောလောင် ခေါင်းညိတ်လိုက်သည်.။

" ကောင်းပြီလေ။ အခုက နှစ်နာ၇ီဆိုတော့ ကြယ်သုံးပွင့် စစ်ဆေးမှု ပြီးဖို့ တစ်နာ၇ီနဲ့ နာ၇ီဝက်လိုတယ်။ မင်း နာရီဝက်အတွင်းအဲဒီကို ရောက်ရမယ်။ တစ်နာ၇ီအတွင်း စစ်ဆေးမှုကို ပြီးအောင် ဖြေဆိုနိုင်ရင် ရပြီ"

" ကျေးဇူးတင်ပါတယ်"

" အချိန်က အရမ်းကြပ်နေပြီဆိုတော့ ငါ အဲဒီက စစ်ဆေးသူတွေကို ကြိုပြောထားလိုက်မယ်။ ဟုတ်သားပဲ မင်းကို တစ်ယောက်ယောက် လိုက်ပို့တာလား"

" ကျွန်တော်ကားခေါ်လိုက်ပါ့မယ်။ ကျေးဇူးတင်ပါတယ်"

ထိုသို့ဖြင့် ယွမ့်ထန်းက အပြင်သို့ ထွက်နေရင်း အလင်းဦးနှောက်ဖြင့် ကားကို အော်ဒါတင်လိုက်သည်။

သူ အဓိက ၀င်ပေါက်မှ ထွက်ရုံရှိသေး အရပ်မြင့်မြင့် လူတစ်ယောက်ကို မြင်လိုက်ရလေသည်။ မမျှော်လင့်စွာပင် ထိုသူ ထွက်မသွားသေးပေ။ ထိုသူဟာ တောက်ပြောင်နေသော ငွေရောင် ကားပျံကို ကျောမှီကာ ခပ်အေးအေး ရပ်နေသည်။ နေရောင်အောက်တွင် ကားပျံက တဖျက်ဖျက်ပင် လက်နေလေသည်။

ဟော်ယွင်ချန်းက ခေါင်းဖြင့် အမူအယာ ပြသည်။

" ကားထဲဝင်လေ"

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now