၂၀

4.1K 892 52
                                    

အပိုင်း ၂၀ မာ၇ှယ် ရောက်လာပြီ

ဥာဏ်ရည်မြင့် စက်ရုပ်သည် ရှေ့တက်လာပြီး စကန်ဖတ်ကာ ဟင်းလျာတို့ကို စစ်ဆေးသည်။ ငါးမိနစ်ခန့် ကြာပြီးနောက် ဟင်းလျာအားလုံး အဆင့်မှီကြောင်း ကြေငြာသည်။

ထို့နောက် လင်ဗန်းတစ်ခုကို ထုတ်ကာ ယွမ့်ထန်း ချက်ထားသော ဟင်းပန်းနက်တို့ကို တင်ပြီး ၀င်လာသည့် တံခါးမှ ပြန်ထွက်သွားသည်။ တစ်ချိန်တည်းတွင်ပင် ယွမ့်ထန်းကို လိုက်လာရန် အချက်ပြသေးလေသည်။

တံခါးငယ်လေး ပွင့်သွားပြီးနောက် လေတွင် ပေါလောမျောနေသည် ဘုတ်ပြားကို မြင်ရသည်။ထိုနေရာပေး တက် ရပ်လိုက်သည်နှင့် ယွမ့်ထန်းကို အပေါ်ထပ်သို့ ခေါ်သွားသည်။ စစ်ဆေးသည့် အခန်းသည် တတိယအထပ်တွင် ၇ှိသည်။ထိုအထပ်တွင် ဘုတ်ပြား ရပ်သွားသည်နှင့် ယွမ့်ထန်း ထွက်လိုက်ကာ ဥာဏ်ရည်မြင့် စက်ရုပ်နောက်မှ တဆင့် လိုက်သွားလိုက်သည်။သူတို့သည် စက်ဝိုင်းသဏ္ဍာန်၇ှိသည့် လျှောက်လမ်းကို ဖြတ်သွားရသည်။ အစည်းအဝေးခန်းသို့ ၀င်လိုက်ချိန်တွင် စာဖိုမှူး ၀တ်စုံ ၀တ်ထားသည့် လူသုံးယောက်ကို မြင်လိုက်ရသည်။ထိုသုံးယောက်က ခပ်အေးအေး ထိုင်နေကြသည်။ထိုသူတို့က စစ်ဆေးသူတို့ ဖြစ်လောက်သည်။

“ မင်းက ယွမ့်ထန်းလား”
ထိုအခိုက် မှုတ်ဆိတ်မွှေး ပိုင်သည့် သက်လတ်ပိုင်း လူတစ်ယောက်က အေးစက်စွာ မေးလာသည်။

“ ဟုတ်ပါတယ်”
တဖက်သူ၏ အပြောအဆို လေသံက ပုံမှန်မဟုတ်သည့်တိုင် ယွမ့်ထန်း စိတ်ထဲ မတွေးတော့ဘဲ တဖက်က အလေးအနက် အာရုံစိုက်ထားသည်ဟုသာ ထင်လိုက်သည်။

မုတ်ဆိတ်နှင့်လူက ဆက်မေးသည်။
“ ဒါက မင်းချက်တဲ့ ဟင်း သုံးခွက်လား “

“ ဟုတ်ပါတယ်”

“ မင်း ကံဆိုးတာကိုး။ ဒါပေမယ့် ငါတို့က ကျွမ်းကျင်အဆင့် စစ်ဆေးသူတွေပဲ။ ဒီတော့မ င်း ကံဆိုးတာကြောင့်နဲ့ ပေးမယ့် အမှတ်ကို မနှိပ်ပေးနိုင်ဘူး”
ထိုသူက အပြုံးမမည်သည့် အပြုံးဖြင့် ပြောသည်။သူက စက်ရုပ်သယ်လာသော ဟင်းပန်းကန်တို့ကို ကြည့်သည်။ ဟင်းပွဲတွေက ကြည့်ကောင်းသည့်တိုင်သူက ဂရုမစိုက်ပေ။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now