၁၀

4.9K 914 37
                                    


အပိုင်း ၁၀ ကွင်းဆက် ဖြစ်ပွားမှု

" တပ်ရေး ဗိုလ်ကြီး"

လုံခြုံရေး ဌာနမှ အရာ၇ှိက လီခိုင့်ကို ဘူးလေး ကမ်းပေးကာ တဖက်သူ၏ မျက်နှာ အခြေအနေကို ကြည့်ပြီး မေးလိုက်သည်။

" အကိုလီ ကောင်းတဲ့ ကိစ္စတွေများ ဖြစ်သွားလို့လား"

လီခိုင်က သူ့ကို တစ်ချက်ကြည့်သည်။ သူကမျက်နှာ၇ှိ အပြုံးကို ဖိနှိပ်လို့ မရသေးပေ။သူက တည်ငြိမ်စွာ ပြန်ဖြေနိုင်ရန် မနည်း ကြိုးစားလိုက်ရသည်။
" ကောင်းတဲ့ ကိစ္စဟုတ်လား။ အာ မင်း အဲ့ဒိလို ပြောနိုင်ပါတယ်"

ထို့နောက် ကြော့ရှင်းနေသော အမူအယာမျိုးဖြင့် ပြန်လှည့်သွားသည်။ သူက စတိုင်အပြည့်ဖြင့် ပြန်လျှောက်သွားခြင်း ဖြစ်သည်။

ကံကောင်းလိုက်တဲ့ နားချိန်ပဲ
သူ နားချိန်မှာရတာ ကောင်းလိုက်တာ

ဓာတ်လှေကားထဲ ဝင်ပြီး အထပ်နံပါတ် ၁၂ကို နှိပ်ပြီးနောက် လီခိုင် မနေနိုင်တော့ဘဲ ဘူးထောင့်နားလေးကို ဖောက်ကာ အထဲသို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ ချစ်စဖွယ်ကောင်းသော သေးငယ်သည့် ဖက်ထုပ် ရှစ်ခုကို မြင်ရလေသည်။

လီခိုင်သည် မုန့်ဘူးကို ရင်ဘတ်နား ကပ်ထားကာ ကျေနပ်စွာ ပြုံးနေလိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဓာတ်လှေကားထဲရှိ အဖြစ်အပျက်ကို ပြန်သတိရပြီး သူ့ရင်ထဲ အေးစက်သွားရလေသည်။

ဒီလိုအချိန်ဆို မာ၇ှယ်က ရုံးခန်းထဲမှာ အလုပ်လုပ်နေလိမ့်မယ်။ ဒါပေမယ့် သူကတော့ တင်ဆက်သူ ပို့ပေးထားတဲ့ ဖက်ထုပ် ရှစ်ခုကို တစ်ဝတစ်ပြဲ စားရတော့မယ်။သူက မာရှယ်ကို အရမ်း သစ္စာရှိပေမယ့် အခု အနည်းငယ်တော့ တုန့်ဆိုင်းနေမိတယ်။

ဘာပဲဖြစ်ဖြစ်ပါ ဖက်ထုပ်က ၇ှစ်ခု ရှိတာပဲ၊ မာ၇ှယ့်ကို လေးခုပေးလိုက်မယ်၊

မဟုတ်ဘူး နှစ်ခုပဲ တော်ပြီပေါ့

အဓိကက မာရှယ် မြည်းနိုင်ဖို့ပဲ

ဓာတ်လှေကား ရပ်သွားသည့်နောက် သူက မာရှယ်၏ ရုံးခန်းနားသွားကာ တံခါး နှစ်ချက် ခေါက်လိုက်သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now