5.2K 884 91
                                    

အပိုင်း ၃ တိုက်ရိုက် ထုတ်လွှင့်နိုင်သော ပလက်ဖောင်း အပိုင်းခွဲ နှစ်

ယွမ့်ထန်းသည် လုပ်မည်ဟု ဆုံးဖြတ်ပြီးလျှင် ယခုချက်ချင်း ထလုပ်တတ်သူ ဖြစ်သည်။ ထို့ကြောင့် သူက ကျင်းကျန်းတွင် ဖုချန်နယ်မှ အစီအစဉ်တင်ဆက်သူ တစ်ယောက်အဖြစ် ဖောင်တင်သည်။သူ၏ ကိုယ်ရေး အချက်အလက်တွေသည် ကြယ် နက်ဝေါ့တွင် ၇ှိပြီးသားဖြစ်သဖြင့် ကိုယ်ရေး အချက်အလက်ပါဝင်သော ဖောင်က အလိုအလျောက် လုပ်ဆောင်ပြီးသား ရလာသည်။သူ လုပ်ရသည်မှာ အချက်အလက်တွေက မှန်ကန်ကြောင်း အတည်ပြုပေးပြီး ပို့ကာ စီစစ်ခြင်းကို စောင့်ဆိုင်းရန်သာ လိုသည်။တဖက်က လက်ခံလိုက်သည်နှင့် သူက တရားဝင် အစီအစဉ် တင်ဆက်သူဖြစ်လေပြီ။

တဖက်မှ အသိအမှတ်ပြုပေးခြင်းကို စောင့်နေချိန်တွင် သူက ရှော့ပင်းဆိုက်သို့ ပြန်သွားကာေ၇ှာ့ပင်းခြင်းထဲ ရှိသမျှကို ရှင်းလိုက်ကာ အာလူး၊ အသီးအ၇ွက်၊ ၀က်သား၊ဆန်၊ ကြက်ဥတွေနှင့် ဆီနှင့်ဆားကိုသာ ချန်ထားလိုက်သည်။ ထိုပစ္စည်းတွေအတွက် ဂျီအန် ၁၅၀ပေးရသည်။

(ဂျီအမ်ကို ဘယ်လိုပြန်ရမလဲ မသိလို့၊ ဒါက ငွေပြားကိုပဲ ပြောတာ၊ ဒီထဲမှာ ဂျီအမ်ပဲ သုံးတယ်။)

ပစ္စည်းတွေကို စကြာဝဌာလုံးဆိုင်ရာ ကူးသန်းဆက်သွယ်ပေးနိုင်သော အဆင့်မြင့် နည်းပညာဖြင့် ၁၅မိနစ်အတွင်း ပို့ဆောင်ရေး ကားဖြင့် လာပို့ပေးပေလိမ့်မည်။

သူ့အကောင့်ထဲ ကျန်ခဲ့သည့် ၅၀ကို ကြည့်ပြီး သူ ရင်နာလာသည်။ သူ ပိုက်ဆံကို အရေးတကြီး ရှာရန် လိုအပ်လာသည်။

ထိုအခိုက် သူ့လက်ကောက်မှ 'ဘိ' မြည်သံ ထွက်လာကာ လေးထောင့်ကွက်လေး ပေါ်လာပြီး သူက အစီအစဉ်တင်ဆက်သူ အဖြစ် ဖောင်တင်ထားခြင်းအား လက်ခံကြောင်း အတည်ပြုပေးသည်။သူသည် ကိုယ်ပိုင် ချန်နယ် စာမျက်နှာ တစ်ခု ရရှိကာ သူ တိုက်ရိုက် ထုတ်လွှင့်ရန် လိုအပ်သည့် ပစ္စည်းကိရိယာတွေကလည်း သူ့ဆီ လာပို့နေသည့် လမ်းတွင် ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားလာသည်။သူတို့က အစမ်းကြည့်နိုင်ရန် သရုပ်ပြထားသော ဗီဒီယိုပါ ပို့ပေးလာသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now