4.9K 936 116
                                    

အပိုင်း ၆ ဝက်ဗိုက်သား အာလူး ခေါက်ဆွဲ

မိနစ်ပိုင်းအတွင်းတင် အွန်လိုင်းမှ ကြည့်ရှုသူ အရေအတွက်က ဆက်တိုက် တိုးတက်လာခဲ့ကာ ဂဏာန်းလေးလုံး ကျော်သွားသည်။ သို့တိုင် ဆက်လက် တိုးနေသေးပေ၏။

ယွမ့်ထန်း နည်းနည်း အံ့သြသွားသည်။ သူေ ပျာ်လည်း ပျော်၏။ ထိုတိုးတက်နှုန်းသည် သူ့ယခင်ဘ၀ အစပိုင်းထက်ပင် ကောင်းမွန်နေသေး၏။သို့သော် သည်ခေတ်ဟာ မြေကမ္ဘာခေတ်ထက် ဘီလီယမ် ဆယ်ဆကျော် များပေသည်။သည်ကြည့်ရှုသူ အရေအတွက်မှာ ပင်လယ်ထဲမှ ရေတစ်စက်စာသာ ရှိပေသည်။

တိုက်ရိုက် ထုတ်လွှင့်မှု ဖွင့်လိုက်သည်နှင့် ကြည့်ရှုသူတွေ၏ စိတ်လှုပ်၇ှား တက်ကြွစွာ ဆွေးနွေးသံတွေကြ ပည့်နှက်သွားပေသည်။

[ID72648:ကျေးဇူးတင်ပါတယ် တင်ဆက်သူ။ ကြက်ဥကိတ်က မတရား အရသာရှိတယ်။ ဒီသလင်းပန်းကို ဆုချပြီး ငါ့အချစ်တွေကို ပြသလိုက်ပါတယ်]

[၇တနာ ခုနှစ်သွယ်: ဟူး ဟူး ဟူး ငါ ကြက်ဥကိတ်ကို တဝက်ပဲ ကိုက်လိုက်ရတယ် ငါ့အကိုက လုသွားတယ်။ ငါ တဝက်ပဲ စားလိုက်ရတယ်။ တင်ဆက်သူရေ ကျေးဇူပြုပြီး အချစ်တွေ ထပ်ပို့လိုက်ပါဦး။ ဒီသလင်းပန်းကို ပေးပြီး ငါ့အချစ်တွေကို သက်သေပြလိုက်ပါတယ်]

[ ဖြတ်လျှောက်: .... ငါ တစ်လုပ်တောင် မစားလိုက်ရဘူး ....]

[ ဖြတ်လျှောက်: နောက်တစ်ခေါက်ကျရင် တင်ဆက်သူက စစ်ပါဆယ်ဘူးနဲ့ ထည့်ပေးလို့ရမလား။ အဲ့ဒါက ပိုထူတယ်။ ငါ မင်းကို ပို့ပေးလို့ရတယ်]

မနေ့က မဲပေါက်သွားသည့် သုံးယောက်၏ ကျေးဇူးတင်ကြောင်း ဖော်ပြသည့် စာတွေအပြင် အခြားသူတွေ၏ သည်ညနေခင်း ဟင်းပွဲအပေါ် စိတ်လှုပ်၇ှားနေမှုတွေကိုလည်း တွေ့၇သည်။

အများစုဟာ တင်ဆက်သူ၏ ကိုယ်ပိုင် ချန်နယ်သို့ သွားကာ ယခင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သော ဗီဒီယို အဟောင်း နှစ်ခုကို ပြန်ကြည့်ခဲ့ပေသည်။ တင်ဆက်သူက သိပ်မကြာခင်ကမှ မိတ်ဆက်ထားသော အာလူးကို ချက်ပြခဲ့ရုံသာ မကလေဘဲ အများက စားရခက်သည်ဟု လက်ခံထားသော ငါးကို ချက်ပြခဲ့ပုံတွေကို မြင်ပြီး သူတို့၏ တင်ဆက်သူအပေါ် ယုံကြည်မှုမှာ ယွမ့်ထန်းကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားတာထက်ပင် သာလွန်သွားတော့သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now