အခန်း (၁)

9K 562 15
                                    

စုရှောင်းမီအနေနဲ့ ခုလတ်တလောမှာ လူတွေ ပြောပြောနေလေ့ရှိကြတဲ့ လိင်တူသဘောကျတဲ့သူတွေထဲမှ တစ်ယောက်ဆိုတာ သူ့ကိုယ်သူသဘောပေါက်သွားခဲ့မိတဲ့အခါမှာတော့ သူဟာ ယန်ယန်ကို ကျောင်းစာသင်နှစ်တစ်နှစ်စာ‌လောက် ကြိုက်နေနှင့်ခဲ့ပြီးပြီ။

အစပိုင်းတုန်းကတော့ သူက အခြားလူတွေရဲ့အမြင်လိုပဲ စပ်စပ်စုစုနှင့် အားကျမနာလိုဖြစ်ခဲ့ရုံလေး။ အဲဒီ မာနကြီးတဲ့သူအကြောင်းနဲ့ပတ်သက်ပြီး သိချင်စိတ်အပြည့်နှင့် အားကျမနာလိုမှုကိုပါ ခံစားရလျက်ပင်။ ထိုသူက စုရှောင်းမီရဲ့ စီနီယာတစ်ယောက်လေ။ ပြီးပြည့်စုံတဲ့ ခန့်ညားမှုအသွင်အပြင်နှင့် ကျစ်လျစ်ရှည်လျားတဲ့ခန္ဓာကိုယ်၊ သူရဲ့ကျောင်းပညာရေးရလဒ်တွေကလည်း စင်းလုံးချော ဘာမှ ပြောစရာမရှိ။ တကယ်လို့ သူ့ရဲ့အားနည်းချက် တစ်စုံတစ်ရာကို တကယ်ကြီး မရမက ရှာချင်ရင်တော့ဖြင့် သူက ဖော်ရွေမှုကင်းပြီး အေးတိအေးစက်နိုင်တာကို ထည့်တွက်ရပေမည်။

သူ့မှာ ရှိတဲ့အရာတွေနဲ့တင် အလွယ်တကူနဲ့ တင်းတိမ်ရောင့်ရဲနိုင်တဲ့ စုရှောင်းမီလိုလူမျိုးကတော့ဖြင့် ဘုရားသခင်ကို အဲ့ဒီအတွက် ကျေးဇူးတောင်တင်နေသေးတာ။ ယန်ယန်ကဲ့သို့ အပြစ်ပြောစရာမရှိ ပြီးပြည့်စုံတဲ့လူတစ်ယောက်ရှိနေခြင်းကတော့ မတရားဘူးလို့ ခံစားရပေမယ့်ပေါ့လေ။

ယန်ယန်အပေါ် ဒီလိုအားကျမှုတွေနှင့်
မနာလိုဝန်တိုမှုတို့ကို နှစ်လအကြာလက်ကိုင်စွဲထားပြီးနောက် မတော်တဆဖြစ်ရပ်လေးတစ်ခု ဖြစ်ပျက်သွားခဲ့၏။ အဲ့ဒီဖြစ်ရပ်အပြီးမှာတော့ စုရှောင်းမီရဲ့ နှလုံးသားလေးဟာ ထိုသူ့အပေါ်မှာ တဖြည်းဖြည်းနဲ့ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပါလေတော့သည်။

အဲ့ဒီည၊ ရှောင်းမီနဲ့ သူရဲ့အဆောင်မှ အခန်းဖော်များဟာ အရက်အတူသွားသောက်ခဲ့ကြပေ၏။ ကျူ့ကန်းက ရည်းစားနဲ့ လမ်းခွဲခဲ့ပြီးနောက် သူအသည်းကွဲကာ အရမ်းကိုမှ ဝမ်းနည်းကြေကွဲနေခဲ့ပေရာ ဒါကြောင့်မို့ ရှောင်းမီ၊ ကျားဟွာ၊ လုဖေးတို့ဟာ သူနှင့်အတူ အဖော်လိုက်ပါသောက်ပေးခဲ့ကြသည်။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now