အခန်း (၅၆)

1.5K 178 35
                                    

ညအချိန်ရောက်လာတဲ့အခါ အဖိုးဖြစ်သူမှာ ကတ်ကစားပြီး အိမ်ပြန်လာကာ ပြုံးရွှင်စွာဖြင့် "ရှောင်းမီလေး! မင်း ဒီအတောအတွင်းမှာ အဲ့လောက်ထိ အရပ်ရှည်လာလိမ့်မယ်လို့ အဖိုးထင်မထားဘူးကွာ" ယန်ယန်ရဲ့ပုခုံးကို ပုတ်ကာ ချီးမွမ်းစကားဆိုတော့၏။

အဖွားမှာ အဖိုးအား မဆူပူဘဲ မနေနိုင်တော့ချေ။ "အဲဒါ ရှောင်းမီသူငယ်ချင်းလေ၊ မျက်လုံးက ဘာဖြစ်နေတာလဲ? ရှောင်းမီက သူ့အနောက်မှာ"

ထိုအခါမှ အဖိုးက အနောက်မှာရပ်နေတဲ့ ရှောင်းမီအား မြင်သွားရကာ "အာ! အဖိုး မင်းကို သတိမထားလိုက်မိဘူး"

ရှောင်းမီ လူလူချင်း ခွဲခြားဆက်ဆံခံရမှုကြောင့် နှုတ်ခမ်းတစ်တောင်လောက် စူထော်သွားရတော့သည်။

"မင်္ဂလာပါ အဖိုး! ကျွန်တော်က ယန်ယန်ပါ၊ အဖိုးအရမ်းပျော်နေပုံထောက်တော့ ပိုက်ဆံတွေ အများကြီးနိုင်လာခဲ့တဲ့ပုံပဲ"

"အဲ့လောက်လည်း မဟုတ်ပါဘူးကွာ၊ အများကြီးမနိုင်လာခဲ့ပါဘူး၊ ယွမ်၂၀လောက်ပါပဲ" အဖိုးက အပြုံးအကြီးကြီး ပြုံးပြလာခဲ့၏။

"ယွမ်၂၀လေးနိုင်တာကိုများ အဲ့လောက်ပျော်နေရလား?" ရှောင်းမီ အံ့သြတကြီးဖြစ်ကာ ပြောလိုက်တော့ အဖိုးက သူ့အား ဘုကြည့်ကြည့်လာတော့သည်။ ထိုအချိန်တွင် ယန်ယန်က သူ့ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံတစ်ထပ်ကို ထုတ်ယူလိုက်ပြီး "ကျွန်တော် ဒီလာတော့ လူကြီးတွေအတွက် ဘာလက်ဆောင်မှ ယူမလာခဲ့လိုက်ရဘူး၊ ဒီပိုက်ဆံကို အဖိုးတို့ လက်ခံပေးဖို့ မျှော်လင့်ပါတယ်"

"ဒါ... ပိုက်ဆံတွေ အရမ်းများလွန်းတယ်၊ အဖိုးတို့လက်မခံနိုင်ပါဘူး"

"အများကြီးမဟုတ်ပါဘူး၊ ကျွန်တော့်စိတ်ရင်းပါ၊ အဖိုးတို့သာ လက်မခံရင် ကျွန်တော်နေရထိုင်ရမသက်မသာဖြစ်ပါလိမ့်မယ်"

ယန်ယန် အကြာကြီး တိုက်တွန်းစည်းရုံးလိုက်ပြီးတဲ့နောက်မှ လူအိုကြီးနှစ်ယောက်မှာ ပိုက်ဆံများ လက်ခံပေးလိုက်ကြသည်။ သူတို့ ယန်ယန်အပေါ် ပိုပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံကြလေ၏။ ပိုက်ဆံတပြားတချပ်မှ လက်၀ယ်ပိုင်ဆိုင်မှုမရှိတဲ့ ရှောင်းမီကတော့ ချောင်မှာ အပစ်ခံထားရသလို အထီးကျန်ဆန်စွာဖြင့်။ ရှောင်းမီ သူ့စိတ်ထဲမှ အော်ပြောလိုက်မိတော့သည်... ဒါ ဘာတွေလဲ? လာဘ်ပေးလာဘ်ယူလုပ်နေတာမဟုတ်ဘူးလား! ဒီလူ သေချာပေါက်ကို ယန်ယန် ဟုတ်မနေဘူး... နတ်ဆိုးကြီး မြှောက်ထိုးပင့်ကော်လုပ်နေတာ!

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now