အခန်း (၇)

2.6K 351 45
                                    

ရှောင်းမီ အဲ့လောက် မနုံအနေပါဘူးလေ။ ယန်ယန် သူ့အပေါ်မှာ ခံစားချက်အချို့တလေရှိကိုရှိရမယ်ဆိုတာ သေချာတယ်လို့ သူခံစားမိ၏။ မဟုတ်ရင်ရော ယန်ယန်က ဒီလောက်ပူအိုက်နေတဲ့ နွေခေါင်ခေါင်ကြီးမှာ စာမေးပွဲပြီးတဲ့အချိန်ထိ သူ့ကို ဘာလို့ စောင့်နေရမှာလဲ? ပြီးတော့ ဘာလို့ သူ့ဖုန်းနံပါတ်ရော ပေးနေအုံးမှာလဲနော။ အချိန်တိုင်းလိုလို ရှောင်းမီတစ်ယောက် အဲ့ဒီအကြောင်း ပြန်ပြန်‌တွေးနေမိတိုင်းမှာ သူရူးသွပ်သွားလောက်အောင်ကို ရွှင်မြူးနေမိသည်။ သူ သူ့အိပ်ရာပေါ် ခုန်တက်ကာ လူးလိမ့်ပြီး လှဲချလိုက်သည်။ စဉ်းစားကြည့်လိုက်တော့ သူ ယန်ယန်ကို ဖုန်းခေါ်သင့်၏။ ဒါပေမယ့် သူ့ကိုယ်သူ ဈေးပေါတဲ့ပုံ ပေါက်အောင် မလုပ်ချင်ဘူး။ အဲ့ဒီစိတ်ကြီး၀င်ကာ မာန်တက်နေတဲ့ ယန်ယန်က ရှောင်းမီအတွက် အရမ်းကိုမှ အရေးပါအရာရောက်တယ်ဟု ထင်မသွားစေချင်ပေ။

ဒါကြောင့် သူဖုန်းမခေါ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး မက်ဆေ့ခ်ျပို့လိုက်၏ "မင်းဘာလုပ်နေလဲဟင်?"

မကြာလိုက်၊ ယန်ယန် စာပြန်ပို့လာသည် "ဒိုင်ယာရီဖတ်နေတယ်"

ရှောင်းမီအရမ်းကိုမှ ပျော်နေမိလျက်။ သူ အိပ်ရာပေါ် ထပ်ပြီး လူးလိမ့်လိုက်ပြန်သည်။ သူ ယန်ယန်အကြောင်းကို မဆိုစလောက်လေး ပိုသိသွားတယ်လို့ ခံစားမိရ၏။

ဒီလူကြီးက ဒိုင်ယာရီစာအုပ်တစ်အုပ်နဲ့ ဘာလုပ်နေပါလိမ့်? ဟားဟားဟား! ယန်ယန်ရဲ့ မိန်းမဆန်တဲ့ ဘက်ခြမ်းကို သူ သိလိုက်ရတော့ အံ့အားသင့်မိလျက်။ ရှောင်းမီစာပြန်ပို့ဖို့ လုပ်နေတုန်းမှာပဲ ယန်ယန်ဆီက နောက်ထပ်မက်ဆေ့ခ်ျ ထပ်ပို့လာ၏။

"သိပ်အူမြူးမနေနဲ့အုံး၊ ငါပြောတာ ငါ့ဒိုင်ယာရီမဟုတ်ဘူး"

ရှောင်းမီ အလျင်စလို သူ့ဘေးပတ်ပတ်လည်ကို ကြည့်လိုက်မိ၏။ သူအူမြူးနေတာကို ယန်ယန်က ဘယ်လိုသိတာလဲ? အမ် ဒါက သူ့ဒိုင်ယာရီမဟုတ်ဘူးတဲ့လား? ဒါဆို ဘယ်သူ့ဟာလဲ? ရုတ်ချည်း ရှောင်းမီရဲ့ မျက်နှာက မည်းမှောင်သွားလျက်သား။ စိတ်တထင့်ထင့်ဖြင့် သူဖုန်းကောက်ကိုင်လိုက်ကာ ယန်ယန်ဆီ ဖုန်းခေါ်လိုက်၏။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now