အခန်း (၆၁)

1.3K 192 36
                                    

"ယန်~ ငါနဲ့အတူတူ လိုက်ပေးလို့မရဘူးလားလို့?" ရှောင်းမီ ယန်ယန်ရဲ့အင်္ကျီစကို ဆွဲကိုင်ထားလျက်။

"ကျောင်းတက်ဖို့အရေး မင်းနဲ့အတူ လိုက်ပေးနေရအုံးမှာလား?"

"ငါ ကျောင်းရပ်နားစာတင်ဖို့ လုပ်ရမဲ့စည်းမျဉ်းစည်းကမ်းတွေ မသိပါဘူးဆိုနေ၊ မင်းက စီနီယာပဲဟာ၊ ဘာလုပ်ရမယ်ဆိုတာသိတယ်မလားလို့၊ ငါ့ကို ကူပါအုံးနော်၊ ငါ့ဦးနှောက်အကြောင်းလဲ မင်းသိသားနဲ့၊ မင်း မရှိရင် လုပ်ရကိုင်ရ လွယ်မနေပါဘူးလေ..."

ယခုစာသင်နှစ်ရဲ့ဒုတိယနှစ်ဝက်ရောက်တော့ အဆုံးမှာ စုရှောင်းမီ ပြင်ပတွင် အလုပ်သင်အဖြစ် စတင်ရန် ဆုံးဖြတ်ခဲ့သည်။ သူ ယန်ယန်ရှိရာဆီသို့ ခြေတစ်လှမ်းချင်းလှမ်းကာ နီးကပ်ချင်လို့ပင်ဖြစ်၏။ ရှောင်းမီ ထိုအကြောင်းကို ထပ်စဉ်းစားကြည့်တော့ သူ ပိုပြီး ကူကယ်ရာမဲ့စွာဖြင့် ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားလာရလေလေ။ ရှောင်းမီ ယန်ယန်ရဲ့လည်ပင်းအောက်နားသို့ ခေါင်းလေးဝှက်ကာ ပွတ်သပ်ချွဲနေလျက်။

"မင်း ဘာလို့ တစ်နေ့ထက်တစ်နေ့ အချွဲတုံးကြီးလိုဖြစ်လာရတာလဲ?"

"မင်း ငါ့ကို ပိုပိုပြီး ချစ်လာပေးလို့နေမှာပေါ့"

"အဲ့မှာတင် ရပ်လိုက်... ငါအော့အန်မိတော့မယ်"

ရှောင်းမီ ဒေါသထွက်ထွက်နဲ့ ယန်ယန်ရဲ့အဆီမရှိ ကျစ်လစ်နေတဲ့ဗိုက်သားကို ဆွဲလိမ်ပေးလိုက်သည်။ ယန်ယန်က သူ့ကို မျောက်တစ်ကောင်လို အတင်းဖက်တွယ်ထားတဲ့ရှောင်းမီကိုယ်ကို ဆွဲခွာထုတ်လိုက်ကာ

"ဒါဆိုလည်း မြန်မြန်လုပ်၊ စာရင်းသွင်းတာ နောက်ကျလိမ့်မယ်"

ရှောင်းမီလေးကတော့ နောက်ကွယ်ကနေ 'သိနေတယ်လေ' ဆိုတဲ့အပြုံးကြီးနဲ့ ကျိတ်ပြုံးလိုက်မိ၏။ အချိန်အတော်ကြာ နှစ်ယောက်အတူတူနေလာခဲ့ကြပြီးတဲ့နောက် ယန်ယန်ရဲ့အားနည်းချက်ဟာဆိုရင်ဖြင့် သူ့ရဲ့ပတ်ချွဲနှပ်ချွဲမှုဒဏ်ကို ခံနိုင်ရည်မရှိကြောင်း ရှောင်းမီသိလာရသည်။ များသောအားဖြင့် ရှောင်းမီ သူ ပူဆာချင်တာတစ်ခုခုရှိတိုင်း ယခုလို ကပ်ချွဲလိုက်တဲ့အခါ ယန်ယန်က ငြင်းဆန်ဖို့ရာ အင်အားမရှိတော့ဘဲ အကုန်သူ့အလိုလိုက်ဖြည့်ဆည်းပေးမှာပင်။ ရှောင်းမီ ထိုအကြောင်းတွေးပြီး တခစ်ခစ်ကျိတ်ရယ်ကာ ကိုယ့်ကိုကိုယ် ဂုဏ်ဆာလို့ မပြီးနိုင်မစီးနိုင်ဖြစ်နေလျက်။ ယန်ယန် ရှောင်းမီခေါင်းအနောက်အား တစ်ချက်ခေါက်ထည့်လိုက်ကာ

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now