အခန်း (၆)

2.8K 372 17
                                    

ထိုနေ့၌ ယန်ယန်က နာကျင်နေတဲ့ တင်ပါးလေးပိုင်ရှင်ရှောင်းမီကို သူ့အဆောင်အိပ်ခန်းသို့ ပြန်လိုက်ပို့ပေးခဲ့တဲ့ နေ့ကစပြီး ရှောင်းမီမှာ ယန်ယန်ကို ထပ်မတွေ့ရတော့ပေ။

ပြီးခဲ့တဲ့အပတ် သူအိမ်ပြန်တဲ့အခါတုန်းက သူမတို့ရဲ့ အတန်းထဲမှာ ဖန်တီးနိုင်စွမ်းပြိုင်ပွဲရှိတယ်လို့ လုယီယီပြောတာကို ကြားခဲ့ရ၏။ ဒီတော့ အားလုံးက ဒီအတွက် ပြင်ဆင်နေကြရလို့ အလုပ်များနေကြသည်။ ရှောင်းမီစိတ်ထဲ ဘ၀င်မကျသလို ခံစားလိုက်ရ၏။ အလုပ်ရှုပ်နေတာလား? ပေါ်မလာဘဲ နေရအောင်ကို အလုပ်ရှုပ်နေတယ်ပေါ့လေ? မကောင်းတဲ့ လူဆိုးကောင်ကြီး! ငါ့ကို အသုံးချလို့ ၀တာနဲ့ ချန်ထားခဲ့တယ်ပေါ့...

ရှောင်းမီ ယန်ယန်ကို ဆက်ပြီး ကျိန်ဆဲနေလိုက်ပေ၏။ သူ့နှလုံးသားလေးက စိတ်မကောင်းဖြစ်ရကာ စွန့်ပစ်ခံရတဲ့ ဇနီးတစ်ယောက်လိုမျိုး ခံစားလိုက်ရသည်။ သူအနေနဲ့ ယန်ယန်ဆီမှာ ဘာတစ်ခုမှ တောင်းဆိုဖို့ အရည်အချင်းမရှိဘူး‌‌ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားသည့်တိုင်အောင်... သူတို့ကြားမှာ မည်သည့် Relationshipမှ ရှိမနေဘူး‌ဆိုပေမယ့်လည်း... ဒါပေမယ့် ရှောင်းမီအနေဖြင့်တော့ သူတို့က တစ်ညတာကုန်ဆုံးထားခဲ့ပြီးပြီလေ... တရုတ်ပြည်ရဲ့ ရှေးရိုးထုံးတမ်းဓလေ့တွေကို အဲ့လူကြီး နားမလည်ဘူးလားဟမ်! သူကပဲ နည်းနည်းလေး ရှေးရိုးဆန်ဆန်တွေးခေါ်နေမိတာများလား။

သူ့ရဲ့ ပြဿနာနဲ့ စိတ်ခံစားချက်များကို ဘယ်သူ့ကိုမှ လွယ်လင့်တကူ ပြောပြနိုင်စွမ်းမရှိတာကြောင့် ရှောင်းမီကျောင်းနားမှာ ရှိတဲ့ စာရေးကိရိယာဆိုင်မှ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို ၀ယ်ယူလိုက်၏။ လူတိုင်းအိပ်ပျော်နေကြစဥ်တွင် ရှောင်းမီ အိပ်ရာနံဘေးက စားပွဲတင်မီးလုံးငယ်လေး ထွန်းပြီး သူ့ရဲ့ဒိုင်ယာရီစာအုပ်ကို ထုတ်လိုက်ကာ စတင်ရေးတော့၏။

x နှစ်, x လ, xရက်... နေသာ‌တဲ့‌ နေ့တစ်နေ့။ မိန်းကလေးတစ်ယောက်က နေ့လည်စာစားချိန်မှာ ယန်ယန်ဆီကို လမ်းလျှောက်လာပြီး သူ့ဘေးမှာ ၀င်ထိုင်လိုက်တယ်။ ယန်ယန်က မငြင်းခဲ့ဘူး။ ဒီသောက်ကောင်ကတော့! ငါတွေးသလို တွေးနေကြတယ်မလား? သူနဲ့ပတ်သက်ပြီး ဘာမှ ကောင်းတာကို မရှိဘူးဆိုတာကိုလေ။ သူ့ကို ကြိုက်တဲ့သူတွေ ဘာလို့ ပေါနေရလဲဆိုတာ ငါနားကို မလည်နိုင်တော့တာ။ ချောတာ၊ အရပ်ရှည်တာ၊ စမတ်ကျတာ၊ ချမ်းသာတာတွေနဲ့ အခြားဟာတွေကို ဘေးဖယ်ထားလိုက်ရင်ဖြင့်... သူက သည်းငြီးခံနိုင်ဖို့ ခက်တဲ့ လူတစ်ယောက်ပဲဟာကို!

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now